အစိမ်းရောင်ကို အများဆုံးသုံးထားပြီး ရိုးရိုးရှင်းရှင်းဖြစ်သော်ငြား ကနုတ်တွေ ရှေးခေတ်လက်ရာတွေနဲ့ Modern Design ကို တွဲဖက်ပြီး ပုံဖော်ထားတဲ့ ထူးထက်ခေါင်ရဲ့ Company ဟာ ရှင်းလေး စိတ်ကူးထဲက လက်ရာတွေ အတိုင်းပင်။ Architecture မေဂျာနဲ့ကျောင်းပြီး ထားတဲ့ ရှင်းလေးအဖို့တော့ ထူးထက်ခေါင်ရဲ့ Company ဟာ စစ၀င်ချင်းမှာပင် စိတ်၀င်စားစရာတွေနဲ့ ပြည့်လို့နေ ပေသည်။

Company အတွင်းပိုင်းကိုစပြီးခြေချလိုက်သည်နဲ့ မွှေးပျံ့တဲ့ရနံ့နဲ့ Aircon ၏ စိမ့်အေးမှုကိုအရင်ဆုံး
 ခံစားလိုက်ရသည်။Star ဟူသော Company ၏ Logoအောက်က ခမ်းနားလှတဲ့ Reception၊ အနောက်တိုင်းဆန်ကာ ခေတ်မီလှသောထိုင်ခုံတွေ ရုံးအတွင်းပိုင်းမှာ အပြည့်ထွန်းလင်းထားတဲ့ မီးရောင်တွေ နဲ့နေရာတိုင်းမှာ အစိမ်းရောင် သစ်ပင်လှလှလေးတွေ ချထားပုံက စိမ်းလန်းမှုကိုအပြည့်အ၀ ခံစားရစေကာ လန်းဆန်းစေတာပင်။

အပြင်ဘက်တွင် ရှေးခတ်လက်ရာတစ်ချိူ့နဲ့အဆောက်အဦးကို ပုံဖော်ထားကာအတွင်းပိုင်းမှာတော့ Modern ဆန်လွန်းလှပြီး အလုပ်လုပ်ချင်စဖွယ် ပြင်ဆင်ထားတဲ့ ထူးထက်ခေါင်ရဲ့ စိတ်ကူးကိုတော့ ရှင်းလေး မချီးကျူးပဲမနေနိုင်။ ရှင်းလေးကိုယ်တိုင်ပင် ခဏလေး၀င်လိုက်ရုံနဲ့ ထူးထက်ခေါင်ရဲ့Companyမှာ အလုပ်လုပ်ချင်စိတ်ပေါက်သွားရ သည်မဟုတ်ပါလား။

" Morning ပါ....Boss "

" Morning ........"

ထူးထက်ခေါင်ကို မြင်လိုက်တာနဲ့သူ့ရဲ့အတွေးရေးမှူးဖြစ်ဟန်တူသော မိန်းကလေးက အိတ်ကိုလာယူပေးသည်။ ဌာနတစ်ခုချင်းစီတိုင်းရဲ့ ဝန်ထမ်းအားလုံးက ထူးထက်ခေါင်ကို မြင်လိုက်သည်နှင့်တလေးတစားနဲ့နှုတ်ဆက်ကျတာကိုလည်း ထူးထက်ခေါင်က အပြုံးချိူ ချိူ နဲ့သာ တုံ့ပြန်တတ်တာကို ရှင်းမြတ်နိုးပိုင်သတိထားမိသည်။

အပြင်ပန်းကြည့်လျှင် အကြောတင်းသည့်ပုံစံပေါက်နေပေမယ့် ၀န်ထမ်းတွေကို ဆက်ဆံတဲ့ပုံစံက နွေးနွေးထွေးထွေးရှိလှတာမို့ ထူးထက်ခေါင် နဲ့ ၀န်ထမ်းတွေဟာ တစ်သားတည်းလိုပင်။

အင်းပေါ့လေ .......

ဒီလို အရည်အချင်းတွေကြောင့်လည်း ဒီလို Company ကြီးကို ကောင်းကောင်းမွန်မွန် အုပ်ချူပ်နိုင်ပြီး နာမည်ကြီးနေတာကို

The Dimple On His Cheek ( Completed ) Z+UUnde poveștirile trăiesc. Descoperă acum