" ဘာ "

ဘာ ဆိုတဲ့ အာမေဍိတ်သံ နဲ့အတူဒေါ်၀တီခင် ရင်ထဲ ဒိတ်ခနဲဖြစ်သွားမိသည်။

အစ်မဖြစ်သူ ကို ကြည့်တော့လည်း ထိတ်ထိတ်ပြာပြာနဲ့ခြေမကိုင်မိလက်မကိုင်မိ။ရွှန်းရွှန်းအဖေ သူ့ခဲအိုသာ သိသွားလျှင်တော့ မိုးမိလောင်တော့မှာပင်။

"၀တီ..ငါတို့ဘာဆက်လုပ်ကြမလဲ သူ့အဖေသိသွားရင် မိုးမီးလောင်မှာစေ့စပ်ပွဲသာ ပျက်သွားရင်တော့ မမသဇင်တို့ ကိုသတိုးတို့နဲ့လည်း တစ်သက်လုံးမျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာငါတော့သေချင်တာပါပဲအေ"

ဒေါ်ရတီခင် ငိုချင်သလိုဖြစ်လာရင်း အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။

ရွှန်းရွှန်းနဲ့စေ့စပ်ပေးမယ့် ထူးထက်ခေါင် ဆိုတာ စီးပွားရေး လုပ်ငန်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျော်ကြားလှတဲ့ လူငယ်သူဌေးလေးတစ်ဦး။

ထူးထက်ခေါင်အဖေ ဦးသတိုးခေါင်နဲ့ ဒေါ်ရတီခင် ရဲ့ခင်ပွန်းဖြစ်သူ ဦးမြတ်မင်းခန့်ဟာလည်း ဟိုးငယ်စဉ်ကလေးဘ၀ကတည်းက သူငယ်ချင်းတွေဖြစ်တာကတစ်ကြောင်း၊ သူမနဲ့ ကိုမြတ်မင်း တို့လက်ထပ်ခါစက အရင်းအနှီးလည်းမရှိ သာမန်စားနိုင်သောက်နိုင်ရုံနဲ့ရောင့်ရဲခဲ့ရတဲ့ ဘ၀လေးဟာ ကိုသတိုးခေါင်ရဲ့ကူညီစောင့်ရှောင့်မှုကြောင့် အခုလို ချမ်းချမ်းသာသာ နဲ့တင့်တောင်းတင့်တယ်နေနိုင်တာပင်...။

လခလေးနဲနဲနဲ့ သာမာန် Companyလေးတစ်ခုမှာ လုပ်နေတဲ့ ငယ်သူငယ်ချင်းမြတ်မင်းခန့်ကို ဦးသတိုးခေါင်ဟာ သူ့ရဲ့ ကြယ်ငါးပွင့် အဆင့်ဟိုတယ် တစ်ခုမှာမန်နေဂျာချူပ်ရာထူးအထိတိုးပေးခဲ့ကာ နောက်ဆုံး ဟိုတယ်မှာ ရှယ်ယာတွေပိုင်ဆိုင်တဲ့ ဒါရိုက်တာအဖွဲ့၀င်တစ်ယောက်ဖြစ်လာတဲ့အထိ မြေတောင်မြှောက်ပေးခဲ့တာဖြစ်သည်။

အခုဆို မိသားစုပိုင် Hotel တစ်ခုကိုတည်ထောင်လာနိုင်တဲ့အထိ ဦးသတိုးခေါင်ရဲ့ကျေးဇူးတွေမကင်းခဲ့တာမို့စေ့စပ်ပွဲ ကိစ္စကိုလက်လွတ်စပယ် ဖျက်သိမ်းလိုက်ဖို့လည်းမဖြစ်နိုင်ပါ..။ခင်ပွန်းဖြစ်သူ ကိုမြတ်မင်းသိလျှင်လည်း လုံး၀လက်ခံမှာမဟုတ်။ ဒေါ်ရတီခင် ရင်ဆိုင်ရမယ့် ပြသနာကြီးကို တွေးမိရင်းသက်ပြင်းသာ အခါခါချနေရသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now