-  -  -  - -  -  -  -  -  -  - -  -  - @  - -  -  -  -  -  -  - - 

  Park Chanyeol နဲ့ Junny တို့ရဲ့ မင်္ဂလာဧည့်​ခံပွဲ

ရွှေ​ရောင်​စာလုံးများနှင့်​ ​ရေးထိုးထား​သော စာလုံးများကိုကြည့်​ကာ သူမဲ့ပြုံး ပြုံးလိုက်​သည်​ ။ ဒါ​တွေက မကြာခင်​မှာဘဲ ​ပျောက်​ကွယ်​သွား​တော့မည့်​ အရာ​တွေမဟုတ်​လား ။ အား​တော့ နာ​ပေမဲ့ သူမလုပ်​၍​တော့ ရ​တော့မည်​မဟုတ်​ ။ မဟုတ်​လျှင်​ အ​ခြေအ​နေက ​တော်​​တော်​ကြီးကို ဆိုးရွားသွား​တော့မည်​။

Celebrities နှစ်​​ယောက်​ရဲ့ wedding မို့သတင်း​ထောက်​များက သတင်းယူရန်​ ဟို​နေရာတစ်​ဖွဲ့ ၊ ဒီ​နေရာတစ်​ဖွဲ့နဲ့ ဝိုင်းကျ​​နေကြသည်​ ။ နှစ်​ဖက်​​သော အသိုင်းအဝိုင်းများ ၊ မိတ်​​ဆွေများ အစုံအလင်​တက်​​ရောက်​လာကြ​သော​ကြောင့်​ ပွဲကစည်​ကားလှသည်​ ။ သို့​သော်​ သူ​မျှော်​​နေ​သော တစ်​​ယောက်​​သော သူက​တော့အခုချိန်​ထိမ​ရောက်​နိုင်​​သေး ။

"​ဟော သား​လေးက ဒီမှာကိုး "

အသက်​အရွယ်​နဲ့မလိုက်​​အောင်​ မိတ်​ကပ်​​တွေဆင်​ယင်​ပြီး တစ်​ကိုယ်​လုံး ရတနာ​တွေဆင်​ယင်​ထားသည့်​ အ​မေနှစ်​​ယောက်​နဲ့အတူ ​ရောက်​လာသည်​က Junny ။ 

"ကြည့်​ပါဦး Mrs.park ​ရေ၊ သားနဲ့သမီးက လိုက်​ဖက်​လိုက်​တာ ၊ တကယ့်​ကို ​ရွေနဲ့မြ ​နေနဲ့လဘဲ ဟုတ်​တယ်​မလား "

"ဒါ​ပေါ့ တို့တစ်​​တွေလည်းမကြာခင်​မှာ တကယ့်​ ခမည်းခမက်​​တွေ ဖြစ်​ရ​တော့မယ်​ သားတို့​တွေကလည်း ​omma တို့ကို အဘွားမြန်​မြန်​ဖြစ်​​အောင်​ လုပ်​​ပေးရမယ်​​နော်​"

"​ဟော ကြည့်​ပါဦး Mrs.park ​ပြောတာသမီး​လေးရှက်​လို့ ပါး​လေး​တွေ​တောင်​ ပန်း​ရောင်​သမ်းသွားပြီ "

သူ့​ဘေးနားမှ​နေကာ ရှက်​ဟန်​​ဆောင်​​နေ​သော ထိုမိန်းမကိုကြည့်​ကာ သူ​အော်​ဂလီဆန်​လှသည်​ ။ ​ယောကျာင်္းတစ်​ကာနဲ့ ရှုပ်​ကာ အခုကြည့်​လိုက်​​တော့ မခုတ်​တက်​သည့်​ ယုန်​သူငယ်​သ​ယောင်​ ။

"ကဲ သားတို့နှစ်​​ယောက်​ ​ပြောစရာရှိတာ ​ပြောကြ ခဏ​နေရင်​ မင်္ဂလာအချိန်​ကျ​တော့မှာ​နော်​ "

Dreams(Completed)Where stories live. Discover now