"ထွက်​သွား...ငါ့မျက်​စိ​ရှေ့က​နေ အခုချက်​ချင်း ထွက်​သွား မမြင်​ချင်​ဘူးမင်းမျက်​နှာကို ထွက်​သွား!!!"

အသံကုန်​​အော်​၍ နှင်​​နေ​သောလူကြီး.....

ပင်​ပန်း​နေမယ်​လူကြီးရယ်​ မနှင်​ပါနဲ့ ကျွန်​​တော်​​ပျောက်​ကွယ်​သွား​ပေးပါ့မယ်​.....

လူကြီးအလိုကျပဲ​လေ......

ဒေါသတကြီး​ပြော၍ ကျွန်​​တော့ကို​ကျောခိုင်း၍မှန်​တို့်ုဖြင့်​ကာရံထား​လေသည့်​ ရုံးခန်းအပြင်​ဘက်​ရှိရာဆီသို့ လှည့်​သွား​လေသည့်​ လူကြီး​၏ ​နောက်​​ကျောပြင်​ကျယ်​ကြီးကို ကြည့်​၍ တစ်​ကိုယ်​တည်းကြားရုံသာ......

"လူကြီးအလိုကျ ကရမယ့်​ဘ၀ပါလူကြီး ချစ်​တယ်​"

နှုတ်​ခမ်းလှုပ်​ယုံမျှသာ တီတိုး​ရေရွတ်​ရင်း မျက်​၀န်းအိမ်​မှပြည့်​လျှံလို့လာသည့်​ မျက်​ရည်​ကြည်​ဥ​လေးတစ်​ချို့လွင့်​စင်​သွားသည်​အထိ ​ပြေးထွက်​ခဲ့မိ​လေသည်​......

တစ်​ခါတစ်​​လေ​တော့လဲ လူကြီးနဲ့အ​ဝေးဆုံးတစ်​​နေရာကို​ပြေးထွက်​​ပျောက်​ကွယ်​ချင်​မိတယ်​.....

နှလုံးသားကခွင့်​မပြု​သေးသ၍​တော့........

နာကျင်​ရတယ်​ လူကြီးမျက်​နှာ​ပေါ်ကပန်းအိုးကွဲစ​တွေထပ်​ပိုပြီး နှလုံးသားကနာကျင်​ရတယ်​.....

မိန်းမတစ်​​ယောက်​​ကြောင့်​အတွက်​နဲ့အခုလိုပြုမှုလိုက်​တဲ့လူကြီးကိုလဲ စိတ်​မနာမိ​သေးပါ.......

ခြေဦးတည့်​ရာ​ပြေးထွက်​လာခဲ့မိ​လေသည်​မှာ ​မြေ​အောက်​ဘူတာသို့​ရောက်​မှန်းမသိ​ရောက်​ခဲ့​လေ၏......

မူး​နောက်​​နေတဲ့​ခေါင်းနှင့်​အတူ ​ဝေ့၀ါးလာသည့်​မြင်​ကွင်း ​ခြောက်​ကပ်​လို့​နေပြီဖြစ်​တဲ့လည်​​ချောင်း...

မျက်​နှာထပ်​တွင်​ စူးရှနာကြင်​လို့​နေသည့်​ခံစားချက်​အား ယခုမှသတိထားမိလိုက်​၍ .......

အာ....ဟုတ်​ပါရဲ့ ကျွန်​​တော့မျက်​နှာမှာ ပန်းအိုးကွဲစ​တွေစိုက်​​နေတာပဲ.....

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now