အပိုင်း ၃၁

Start from the beginning
                                    

"အင်း တီ့ တူတွေ မျက်နှာမထိစေရပါဘူး"

"မျက်နှာတော့ မထိပါဘူး တီရာ။ သူတို့ အနီး
ကပ်ကြီးတွေဆွဲရင် ကိုယ့် မျက်နှာကြီး ဖြူဖွေး
ထွက်သွားတတ်လို့...ခွီး"

ကိုယ့်စကားကို အဟုတ်မှတ်ခဲ့သော တီ့၏
နောင်တသည် ရှက်ရယ်ရယ်သံတစ်ခုနှင့်အတူ
ခပ်ဖွဖွရိုက်ချက်တစ်ခုအနေဖြင့် ကိုယ့်လက်
မောင်းပေါ်ကျ​ရောက်​၏။

"သားဟာလေ...တီ လန့်နေတာကွ။" ဟုဖြည
့်စွတ်သော အခါ

ညီက မင်းဟာလေ ဟူသော အကြည့်ဖြင့် ထုံးစံဆန်စွာကြည့်လာသည်။

သူ့အချစ်ဆုံး အဒေါ်လေး ကိုယ့်ဖက်ပါလာမှာ
တော့သဝန်တိုနေတတ်တာလည်း ညီပဲ။
တီငယ်နှင့်မပြေလည်မှာဆိုး၍ လိုတာထက် ပိုကာ လိုက်ဖာထေးပြောနေတတ်လွန်းတာလဲ ဒီ ညီစေအံ့ပါပဲ။

ကားပေါ်က ဆင်းခါနီး ညီ့၏ အေးစက်စက်လက်တို့ကို ဆုပ်ညှစ်တော့ ရပါတယ် ဟူသော ပုံစံဖြင့် ခေါင်းတစ်ချက် ဆက်ပြ၏။ ကားတံခါးတွန်းဖွင့်သည်နှင့် ရင်းနှီးနေသော ဝင်းလက်လက် Camera မီးအရောင်တွေ ကြားမျက်​​မှောင်​မကြုတ်​သွား​အောင်​​နေဖို့လည်း အကျင့်​ဖြစ်​​နေတာ
ကြာပြီ...တီငယ် နှင့်
P အွိုင် နောက်မှ ညီ့အရင်ဆင်းဖြစ်ပေမယ့် ညီ့ ကို ကိုယ့်ရှေ့ကပင် လျှောက်ဖို့နေရာပေးဖြစ်သည်ကလည်း လုပ်​​နေကျတစ်ခုဖြစ်နေခဲ့၏။

ကိုယ့်ရှေ့ကနေ Modeling ခြေလှမ်းများဖြင့်
လှမ်းလျှောက်ရင်း ရှေ့မှ camera အစုအဝေး
ကြီးကိုလည်း ဝဲဘယ် ညာလယ် တစ်ချက်မ
လွတ်သွားအောင် လက်အုပ်ချီ နှုတ်ဆက်ပြုံးပြရသည်ကိုလည်း လေ့ကျင့်သားရနေခဲ့ပြီးသား။
ဒါကိုကကျင့်ဝတ်တစ်ခုအဖြစ် ရိုက်သွင်းသင်ကြားခံခဲ့ရပြီးသား မဟုတ်လား။

"ဒီနေ့ နှစ်ယောက်စလုံး ပိုပြီးလိုက်ဖက်ညီနေသလိုပဲ"

"ကျွန်တော်တို့က နေ့တိုင်းလိုက်ဖက်ညီတယ်
ထင်တာပဲ။ ဟုတ်လား Rain"

"ဒါပေါ့"

တက်ညီလက်ညီ နှင့် ညီ ပြောသမျှ အမှန် ဆိုတာမျိုးချိုးထားသော ကျွန်တော့် အဖြေကို အားလုံးကသဘောတကျ ရယ်မောကြသည်။

PRO ||Season 2||  Where stories live. Discover now