လူက သူ့အသံကြားပြီး ရင်​ခုန်​တာ​တွေ​ရော ရင်​တုန်​တာ​တွေ​ရောနဲ့ အိပ်​ချင်​​နေတဲ့ မျက်​လုံး​လေး​တောင်​ပြူးသွားရှာပြီ

ဟင်​ ​နေပါဦး..

Phone က နာရီအားတစ်​ချက်​ကြည့်​မိ​တော့ ဂါး...5:30 ပဲရှိ​သေးတာကို အခုချက်​ချင်းအိမ်​လာဆို​တော့....

အလုပ်​ချိန်​က 9:00 မဟုတ်​ဘူးလား​နော်​....

လူကြီး ခင်​ဗျား တစ်စိတ်​​တော့လွန်ပြီထင်​တယ်​​နော်

ဘယ်​တက်​နိုင်​ပါ့မလဲ သူ​ပေးတဲ့လစာ​ကောင်း​ကောင်းလဲကိုယ်​ကယူထားရ​သေးတာကို

သူ​ငှါး​ပေးထားတဲ့ သူနာပြုဆရာမ​လေးကလဲ အိမ်​​တောင်​​ရောက်​လို့ လုပ်​လို့​ကိုင်​လို့​တောင်​​နေပြီ

မသိ​တော့ဘူး ​ရေသွားချိုးပြီ​ဗျာ....

>>>>>>">">>>>

ဆောင်းဦးလွန်​လာ၍ ထင်​ပါတယ်​ နှင်းမကျ​သေး​ပေမယ့်​လို့ အ​အေးဓာတ်​ကလိုတာထပ်​ပို​နေ၏...

အိမ်​ထဲမှာ​နေတုန်းကမသိသာ​ပေမယ့်​ လမ်း​​ရောက်​​လေ​တော့ တစ်​​ဖြေး​ဖြေးအ​အေးဓာတ်​ကကြီးဆိုး၍လာ၏...

လူကလဲ ဒီ​နေ့ကျမှ အလွယ်​ ကြုံတဲ့ ​ဘောင်းဘီဒူးတိုနှင့်​ထွက်​လာမိတဲ့အဖြစ်

အ​ပေါ်ထပ်​အင်္ကျီသည်​လဲ ကျွန်​​တော့အဖို့မှာ ထူထူထဲထဲမရှိသည်​မို့ ကျွန်​​တော်​​တွေးမိလိုက်​ပါသည်​...

လကုန်​လို့ လစာထုပ်​သည့်​အခါ အ​ပေါ်ထပ်​အင်္ကျီခပ်​ထူထူတစ်​ထည်​ကြိုးစား၍၀ယ်​ရန်

အခု​တော့ မလာနိုင်​​သေးသည့်​ Bus အား​စောင့်​၍ ကားမှတ်​တိုင်​ထဲတွင်​ ကျွန်​​တော်​အပြင်​ ​နောက်​ထပ်​ ​ယောကျာ်း​လေး ၃ ​ယောက်​နှင့်​ မိန်းက​လေးနှစ်​​ယောက်​သာရှိ​လေ၏

သိပ်​မကြာ လူကြီးအိမ်​ရှိသည့်​ မှတ်​တိုင်​သို့​ရောက်​သည့်​ 202 Number နှင့်​ကားပြာကြီးတစ်​ကြီးဆိုက်​​ရောက်​လာ၍ အ​ပြေးအလွှားတက်​လိုက်​​လေသည်​...

 မနက်​​စော​စောမို့ထင်​ပါရဲ့ ကားထဲတွင်​လဲ ခရီးသည်​မှာခုံပြည့်​မရှိ...

{ Infinitely Loved } (Complete)(zawgyi & Unicode)Tempat cerita menjadi hidup. Temukan sekarang