ဟူး...မနက်​တိုင်း ဒီလိုသာ ​အလုပ်​တက်​ရမည်​ဆိုပါရင်​ ​သေချာသည်​ ကျွန်​​တော့ အရိုး​တွေကျိုး​ကြေကုန်​မှာပင်​...

ဆင်းရမည်​မှတ်​တိုင်​​ရောက်​​လေ​တော့ တံခါး​ပေါက်​​နှင့်​​ဝေး​နေသည့်​ကျွန်​​တော့ခမျာမနည်းတိုးကြိတ်​ထွက်​လာရ​ပေမယ့်​ ကျွန်​​တော်​ပင်​မဆင်းရ​သေး ကားက​မောင်းထွက်​သွားသည်​မို့...

"Arjushi ခဏ​လောက်​ပါ ကျွန်​​တော်​ဆင်းရဦးမယ်​ Arjushi ခဏ​လေးပါ..."

ကျွန်​​တော့၏ ခပ်​စွာစွာ အသံပြဲ​ကြောင့်​ထင်​ပါရဲ့ လှိမ့်​​နေသည့်​ ကားဘီး​တွေများ တုံ့ခနဲရပ်​တန့်​သွား​လေ​တော့၏..

ဒီလိုကျပြန်​​တော့လဲ အသံပြဲပြဲနှင့်​​အော်​နိုင်​​အောင်​​မွေး​ပေးထားသည့်​ ​မွေးသမိခင်​ကိုပင်​​ပြေး၍​ကျေးဇူး​တွေတင်​မိ​နေရပြန်​သည်​....

ကား​ပေါ်မှဆင်းလိုက်​သည်​နှင့်​ ကျွန်​​တော့ခမျာလဲ လူရုပ်​မထွက်​​လေ​တော့ပါ ဘယ့်​နှယ့်​ တစ်​ကိုယ်​လုံးရှိတဲ့အ၀တ်​အစား ကုမ္ပဏီ သွားမည့်​ရုပ်​နှင့်​ပင်​မတူ​လေ​အောင်​ တွန့်​​ကြေလို့​နေပြီ ဖိနပ်​က​လေးနှစ်​ဖက်​ခမျာလဲ တစ်​ဖက်​က ကျွပ်​ထွက်​​နေ၍မနည်းထိုးထားရသလို တစ်​ဖက်​သည်​လဲ ကြိုးများ​​ပြေလို့

ဟူး First Day ကဘာလဲ​နော်​  ..

ကုမ္ပဏီ ​ရောက်​ရင်​သာ ထပ်​၍အမှားမရှိ​စေဖို့ထပ်​မံ၍ဆု​တောင်းလို့​နေမိပြန်​ပါသည်​ ......

>>>>>>">">>>>

ဒီ​နေ့မှထူးထူးဆန်းဆန်း ကုမ္ပဏီ သို့​၈နာရီ​လောက်​ရောက်​​နေ၍ ၀န်​ထမ်း​တွေကပင်​ အထူးအဆန်း​တွေဖြစ်​​နေကြပြန်​သည်​..

အရင်​ကဆို ၈နာရီခွဲလာ​နေကြ​ပေမယ့်​ ဒီ​နေ့ ၈နာရီလာတာအရမ်းများထူးဆန်းလို့​နေပြီလား...

Over လုပ်​နိုင်​လွန်းတဲ့ ၀န်​ထမ်းများ​ကြောင့်​ စိတ်​အ​နှောက်​အယှက်​ဖြစ်​ရ​လေသည်

ကျွန်​​တော်​သည်​လဲ ဒီ​နေ့မှ ဟိုအနှီးလူသားက​လေးအား​တွေ့ချင်​သည့်​စိတ်​တို့​ကြောင့်​ မနက်​၅နာရီထဲကပင်​ ​ကျွန်​​တော့၏ ပြူး​နေသည့်​မျက်​စိနှစ်​လုံးကမှိတ်​မရ​လေ​တော့ပါ..

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now