"Nae Mr.Byun Ssi Fighting ဒီ​နေ့ အလုပ်​သွား​လျှောက်​မာ်​မဟုတ်​လား ​မြေး ဖွား ဆီက အား​တွေယူသွားပါဦး လာ လာ "

ခပ်​နွမ်းနွမ်း အိမ်​ခန်း​လေးထဲ၏ အိပ်​ယာ​ပေါ်တွင်​ ထိုင်​ရင်းမမြင်​မဆန်းနှင့်​ ကျွန်​​တော့၏ ​ပေါက်​ပြဲ​နေ​သော့အ၀တ်​အစားများကိုဖာ​ထေး​ပေးရင်း လက်​ရမ်း​ခေါ်​လေ​သည်

"Aigoo ဖွားရဲ့ BaekBaek က​လေး​​တောင်​ အ​တော်​​လေးထွားလာပြီပဲ ဖွားရင်​ခွင်​ထဲမှာအရင်​ကလို မြုတ်​​နေ​အောင်​ဖက်​ထားလို့မရ​တော့ဘူးပဲ...​ရော့ ဖွားဆီက အား​တွေယူသွား အလုပ်​​လျှောက်​တာအဆင်​​ပြေပါ​စေ ​မြေးရယ်​"

ဖွား၏မျက်​၀န်းထဲ၌ မျက်​ရည်​ကြည်​က​လေးများစွာကရစ်​သိုင်းလို့လာ​လေပြီ ကျွန်​​တော်​အိမ်​မှထွက်​သွားသည်​နှင့်​ ထိုမျက်​ရည်​ကြည်​​လေးများက မျက်​ရည်​မိုးများစွာအဖြစ်​သို့များမကြာခင်​​ပြေညင်းလဲလို့လာ​တော့မည်

ကျွန်​​တော်​ပင်​ပန်း​နေသည်​ကိုဖွားမကြည့်​ရက်​သည်​မှာမဆန်းပါ ဒါ​ပေမယ့်​လဲ ရှိတာမှဒီ​မြေးအဖွားနှသ်​​ယောက်​ရယ်​ ဖွားကျန်းမာ​ရေးမ​ကောင်း​နေတာကို ကျွန်​​တော်​က အလုပ်​မကြိုးစားပဲလက်​ပိုက်​ကြည့်​​နေနိုင်​ပါ့မလား..

အလုပ်​လုပ်​​နေတာနဲ့ပင်​ ​ကျောင်းလဲမတက်​တာမှမဟုတ်​တာ အ​ရေးကြီးတဲ့အချိန်​​တွေကို တက်​​နေ​သေးတာပဲ​ကျောင်း​ခေါ်ချိန်​ပြည့်​​အောင်​​တော့မနည်းကြိုးစားတက်​ရတာ​ပေါ့

လစာ​ကောင်းတဲ့အချိန်​ပြည့်​အလုပ်​သမားဘ၀​ရောက်​ရင်
ကြိတ်​​ငို​နေခဲ့ရတဲ့အဖွားကို ​ပျော်​ရွှင်​​အောင်​ထား​ပေးချင်​မိသည်

ကျွန်​​တော့အတွက်​မငို​တော့ဖို့လဲ ​ပြောရမှာ​ပေါ့

"Nae ဖွား ဒါဆို​မြေးသွား​တော့မယ်​​နော်​ တာ့တာ ​မြေးပြန်​လာရင်​ဖွားအတွက်​ ​တော့ပိုကီ ၀ယ်​ခဲ့မယ်​ အင်္ကျီ​တွေပဲချုပ်​မ​နေနဲ့ဦးဖွား TV ​လေးဘာ​လေးဖွင့်​ကြည့်​ ​ရေဒီယို ​လေးဘာ​လေးနား​ထောင်​ ​မြေးသွားပြီဖွား"

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now