"ကဲ မင်းတို့လဲ ​အေး​ဆေး​နေကြ Uncle လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့ စကားသွား​ပြောလိုက်​မယ်​ "

"ဟုတ်​ကဲ့ "

Park Yongmin နဲ့ Junny အ​ဖေတို့ထွက်​သွား​တော့ Chanyeol သူ့အကြံအစည်​ကို အ​ကောင်​အထည်​​ဖော်​ရန်​ကြံသည်​။ ထို့​ကြောင့်​ စင်​ရှိရာဆီသို့ သွားကာ mic ကိုကိုင်​၍ ​ပြောလိုက်​သည်​။

"အားလုံးဘဲ Please give attention to me "

စင်​ထက်​မှ Chanyeol ၏အသံ​ကြောင့်​ အားလုံး၏ အာရုံက Chanyeol ထံသို့​ရောက်​သွားသည်​။

"ဝမ်းသာစရာ အ​ကြောင်းတစ်​ခု​ပြောချင်​လို့ပါ ကျွန်​​တော်​နဲ့ Junny နဲ့က ​စေ့စပ်​ထားတယ်​ဆိုတာ အားလုံးလဲ သိကြမှာပါ ကျွန်​​တော်​အခုအသိ​ပေးချင်​တာက ​နောက်​လမှာ ကျွန်​​တော်​တို့ နှစိဦးရဲ့ မင်္ဂလာ​ဆောင်​ကို ကျင်းပမှာပါ အားလုံးကြွ​ရောက်​ကြမယ်​လို့ ​မျှော်​လင့်​ပါတယ်​ ​ကျေးဇူးတင်​ပါတယ်​ "

Chanyeol ​ပြောပြီးပြီးချင်း စင်​​ပေါ်မှဆင်းကာ Junny ဆီသို့လာလိုက်​သည်​။ မ​မျှော်လင့်​ထား​သော အ​ကြောင်း​ကြောင့်​ အားလုံးက အံဩကာ လက်​ခုပ်​တီး​ပေးကြသည်​။ ​သေချာသည်​က ထိုသတင်းက မနက်​​ရောက်​လျှင်​ Trending ဖြစ်​ပြီး Kpop ​လောကတစ်​ခုလုံး ပွက်​​လောရိုက်​​နေမည်​မှာ အမှန်​အကန်​ပင်​ ။

မည်​သူမှ သတိမထားလိုက်​မိသည်​က လက်​မှ ဝိုင်​ခွက်​က လွတ်​ကျကာ ခြံဝင်း၏ အပြင်​ဘက်​ကို မျက်​ရည်​များဖြင့်​ ​ပြေးသွား​သော ​ကောင်​​လေးတစ်​​ယောက်​ ၏ပုံရိပ်​ပင်​။

-  -  -  -  -  -  -  -  -  -  -  -  @ -  -  -  -  -  -   -  -  -  -  -

Baekhyun Kai ကိုကတိ​ပေးထားသည့်​အတိုင်း Royal လုပ်​ငန်းစု၏ ဂုဏ်​ပြုညစာစားပွဲသို့လိုက်​ရန်​ ပြင်​ဆင်​ထားလိုက်​သည်​ ။ အ​နောက်​တိုင်းဝတ်​စုံဝတ်​ထား​သော Baekhyun က က​လေးဆန်​မူ​တွေ ​ပျောက်​ကာ တကယ့်​ကို လူကြီးတစ်​​ယောက်​အလား ။
ကြာကြာ​တောင်​မ​စောင့်​လိုက်​ရဘဲ Kai ၏ကားက တိုက်​ခန်း​အောက်​သို့​ရောက်​လာသည်​။

Kai ကအ​ပေါ်သို့တက်​၍ မ​ခေါ်​တော့ဘဲ ဖုန်းဖြင့်​သာ​ခေါ်လိုက်​​သော​ကြောင့်​ ဆင်းလာလိုက်​သည်​။ ထို့​နောက်​ Kai ၏ကားနှင့်​ပင်​ ညစာစားပွဲ ကျင်းပရာ ခြံသို့လာလိုက်​သည်​ ။ ထို​နေရာသို့​ရောက်​​ရောက်​ချင်း အနီးပါတ်​ဝန်းကျင်​သို့ ကြည့်​လိုက်​ရာ စီးပွား​ရေး​လောကမှ လူကြီးလူ​ကောင်းများ ၊ လှပစွာ ဝတ်​ဆင်​ထားကြ​သော မိန်းမပျို​ ​လေးများ​ကြောင့်​ အနည်းငယ်​ပင်​သိမ်​ငယ်​စိတ်​ဖြစ်​လာ သလို ။သို့​သော်​ Kai ကသူ့လက်​ကိုဆွဲကာ သူနှင့်​အသိ လုပ်​ငန်းရှင်​များ ရှိရာဝိုင်းသို့ သွား​သော​ကြောင့်​ လိုက်​ပါလာရသည်။

Dreams(Completed)Where stories live. Discover now