"ဟေ့ ကျောင်းသားတွေရပ်လိုက်စမ်း"

ကင်းလှည့်ရဲသားတွေရောက်လာပြီးနောက်မှာ Oh ညီအကိုနဲ့ ကျန်နှစ်ယောက်လဲ ရဲစခန်းသို့အခေါ်ခံရလေတယ်။

****

ဒဏ်ရာရထားတဲ့ကိုကို ခေါင်းမာမှုကြောင့် ဆေးရုံဆေးခန်းမသွားဘဲ ရဲစခန်းက ဆေးပတ်တီးပဲ စည်းပေးထားပြီးနောက် မှာ အိမ် ပြန်ရောက်ရောက်ချင်း ရဲစခန်းလိုက်ရှင်းရ၍ ဒေါသအကြီးအကျယ်ထွက်နေသော ဖေဖေ ရှေ့နှစ်ယောက်လုံးဒူးထောက်ရင်း အပြစ်ပေးခံရတယ်။

"တော်ပါတော့ အကိုရယ် ကလေးတွေ ဒူးထောက်နေရတာကြာလှပြီ"

ဘေးမှာထိုင်နေတဲ့ မေမေက ကြားဝင်ဖျောင်းဖျနေပေမယ့် Oh ညီအကိုက တုပ်တုပ်မလှုပ် စကားတခွန်းမှမဟ။

"နေပါစေ မှားသွားပါတယ် နောက်မဖြစ်စေရဘူးလို့ ကတိမပေးနိုင်သ၍ တညလုံးကုန်ရုံမကလို့ နောက်နေ့ပါကူးသွား နှစ်ယောက်လုံးဒူးဆက်ထောက်နေ"

Han ငယ်က ဖေဖေ့ကိုကြောက်လွန်း၍ စကားတောင်မပြောရဲတာဆိုပေမယ့် ကိုကိုကတော့ သူအမှားမဟုတ်ဆိုကာ တမင်ပေတေနေတာ ကိုကို့ မျက်နှာ ဖြူ ရော်ရော်ဖြစ်လာတာကို ဘေးကအနီးကပ်မြင်နေတဲ့ Han ငယ်မနေနိုင်တော့

"ဖေ ဖေ သား Han ငယ် မှားသွားပါတယ်နော် နောက်လဲမဖြစ်စေရပါဘူး
ဒါ ဒါကြောင့် ကိုကို့ကို နားခိုင်းလိုက်ပါတော့"

Han ငယ့်ဘက်က အသံထွက်လာတော့ တချိန်လုံးငြိမ်နေတဲ့ ကိုကို Han ငယ့်ကိုလှည့်ပြီး သက်ပြင်းတချက်ချကာ

"ညီအမှား တခုမှမပါဘူး ဖေဖေမကြိုက်ဘဲ ဆိုင်ကယ်စီးတာ သားအမှားပါ ဒါပေမယ့်"

"ဆိုင်ကယ်မစီးရဘူးလို့ သတ်မှတ်ထားတာတော့ ဖေဖေ မမှန်ဘူး"

"နောက်ပြီး ရန်ဖြစ်တယ်ဆိုတာကလဲ"

တခွန်းချင်းတခွန်းချင်း ပြောထွက်လာတဲ့ ကိုကို့စကားတွေကို

"Oh Hun! မင်းကိုငါ ဆင်ခြေပေးခိုင်းနေတာမဟုတ်ဘူး"

ဖေဖေ့အော်သံအဆုံး လက်သီးတင်းတင်းဆုပ်လိုက်တဲ့ကိုကို

"တော်ပါတော့ ဖေဖေရယ် ကိုကိုလဲတော်တော့ နေမကောင်းဘူးလေ"

နောက်ဆုံးစကားလေးကို လေသံတိုးလေးနဲ့ Han ငယ်ပြောမိတယ်

"Dilemma"Where stories live. Discover now