အားလပ်​ချိန်​​လေးနည်းနည်းပါးပါးရ​တော့လည်း သူ့အ​ကြောင်း​တွေကို ရှာမိပြန်​တယ်​။ တစ်​နှစ်​ထက်​ တစ်​နှစ်​တိုးတက်​လာ​သော သူ့​အောင်​မြင်​မှု​တွေ ၊ တိုးပွားလာတဲ့ ပရိသတ်​​တွေကိုကြည့်​ပြီး သူ့အတွက်​ဝမ်းသာမိတယ်​။ Kpop တစ်​ခုတည်းမဟုတ်​ဘဲ ကမ္ဘာအနှံ့ကို ​ဖောက်​ဝင်​လာတဲ့ သူ့ရဲ့အားထုတ်​မှု​တွေနဲ့ သူဟာ
အတောက်​ပဆုံး ကြယ်​တစ်​ပွင့်​အလား ။

ကိုယ်​နဲ့သူ့ရဲ့ အမှတ်​တရ​တွေကို အခုထိမ​မေ့​ပျောက်​​သေး​ပေမဲ့ သူက​တော့ ​မေ့သွားပြီ ထင်​ပါတယ်​။ ဒါလဲ သူ့အမှား​တော့ မဟုတ်​ပါဘူး​လေ ။ သဘာဝတရားကို ဆန့်​ကျင်​ခဲ့တယ့်​ ကျွန်​​တော်​တို့ရဲ့ အချစ်​ကို ​ကောင်းချီး​ပေးမဲ့သူက ​ရေတွက်​လို့ရ​လောက်​​အောင်​ နည်းပါးတာကိုး။

အရင်​ကလဲ သူ့ရဲ့ Fanboy အခုလဲ သူ့ရဲ့ Fanboy .....
ကျွန်​​တော်​ဟာ ထာဝရသူ့ရဲ့ Fanboy ဆိုတာက မ​ပြောင်းလဲတဲ့ အမှန်​တရားတစ်​ခု ......

ဒီနှစ်​နှစ်​အတွင်းမှာ ​ပြောင်းလဲမှု​တွေက အများကြီးဖြစ်​ခဲ့တယ်​ ။
ကျွန်​​တော်​က အရင်​တုန်းကလို စပ်​စလူးထတဲ့လူငယ်​တစ်​​ယောက်​မဟုတ်​​တော့ဘူး။ ရင့်​ကျက်​တဲ့ လူတစ်​​ယောက်​ဖြစ်​လာခဲ့ပြီ​လေ။ လူမျိုးခြား​တွေနဲ့ ဆက်​ဆံရတဲ့အတွက်​ ယဉ်​​ကျေးမှု​တွေ အ​ပြောအဆို​တွေကို အရမ်းသတိထားရတယ်​။ လူမျိုးတူဆိုလို့ လက်​ချိုး​ရေတွက်​ရတဲ့အထဲမှာ ကျွန်​​တော်​အတွက်​ မိတ်​​ဆွေ​ကောင်းတစ်​​ယောက်​ရခဲ့တယ်​ ။ သူ့ရဲ့နာမည်​က​တော့ K​ai ။ သူရဲ့ Korean name က Kim Jongin တဲ့။ အသက်​ငယ်​ငယ်​​လေးနဲ့ US မှာ Company ရဲ့ CEO တစ်​​ယောက်​ဖြစ်​တဲ့ သူ့ကိုကျွန်​​တော်​​လေးစားမိတာ​တော့အမှန်​။

သူနဲ့ကျွန်​​တော်​ရဲ့ ​တွေ့ဆုံမှုက​တော့ ရိုးရှင်းပါတယ်​ ။ Coffee ဆိုင်​တစ်​ခုမှာ  ကျွန်​​တော်​အ​မေတို့နဲ့ဖုန်း​ပြော​နေတာကြားပြီး သူကိုယ်​တိုင်​လာမိတ်​ဆက်​ခြင်း ။ လူမျိုးခြား​တွေအများကြီးထဲက ကိုယ့်​လူမျိုးကို​တွေ့ရ​တော့ ကျွန်​​တော်​လဲ ​ပျော်​သွားတာ​ပေါ့။ ​နောက်​​တော့ ကျွန်​​တော်​တို့က မိတ်​​ဆွေဖြစ်​လာခဲ့တယ်​ ။လျှင်​မြန်​စွာနဲ့ဘဲ သူနဲ့ကျွန်​​တော်​ဟာ ငယ်​​ပေါင်းကြီး​ဖော်​​တွေလို ရင်းနှီးသွားကြတယ်​။ သူ့ရဲ့ အကြံ​ပေးအား​ပေးမှု​တွေ​ကြောင့်​ ကျွန်​​တော်​ အားအင်​တစ်​ချို့ ရခဲ့တယ်​။သူကတကယ့်​ကို မိတ်​​ဆွေ​ကောင်းတစ်​​ယောက်​ပါ။ Kai ရဲ့ Company က Fashion Company ကြီးဖြစ်​တာ​ကြောင့်​ သူကကျွန်​​တော့ကို သူ့ဆီမှာ ဝင်​လုပ်​ဖို့​ပြောခဲ့တယ်​။ ဒါကလက်​မလွှတ်​သင့်​တဲ့ အခွင့်​အ​ရေးဖြစ်​တာ​ကြောင့်​ ကျွန်​​တော်​ သ​ဘောတူခဲ့တယ်​။

Dreams(Completed)Where stories live. Discover now