အပိုင်း ၂၁

Start from the beginning
                                    

"ခဏနေ ဦး" ဟု ဆိုကာ ရေခဲသေတ္တာထဲမှ ရေဗူးကို ထုတ်နေသည်။ ဘာလုပ်ဖို့ ပြင်နေလည်းသိမှသဘောတကျရယ်ရပြန်သည်။

"ရော့ သောက်လိုက်...တော်သေးတယ်
ပျားရည်နည်းနည်းကျန်သေးလို့"

ပျားရည်နဲ့ သံပရာရည်ရောထားသော အအေး
က ရင်ထဲ တကယ်အေးစေသည်။

"ညီ...ပေါင်းတင်တဲ့ ပျားရည်တွေမလား"

"အေး..."

အနားတွင် ထိုင်လျက် ကိုယ်တကယ်မူးမမူး
ဆန်းစစ်နေသူ၏ ပုခုံးကို မှီလိုက်တော့လည်း ရိုးနေပုံဖြစ်မည်။ ငြိမ်နေသည့်အပြင် ကိုယ့်
ဆံပင်တွေအားခပ်ဖွဖွ ထိုးဖွပေးနေသေးသည်။

"ဘာရယ်တာလဲကွ"

"သြ...ကိုယ်တို့ ပထမဆုံးPartyကို သတိရမိလို့
အဲ့တုန်းက ညီ မူးနေတာလေ။ ဒီညလည်း ညီအဲ့လိုမူးရင် ဒုက္ခဆိုပြီး ကိုယ်တွေးနေသေးတာ"

"မသောက်ပါဘူးကွာ။ မင်းသောက်နေတည်းက မသောက်မိအောင် နေနေတာ။ နှစ်ယောက်လုံးမူးလို့မဖြစ်ဘူး"

"ဟုတ်တယ်။ ကိုယ်တို့ နှစ်ယောက်က
တစ်ယောက်နဲ့ တစ်ယောက်ထိန်းဖို့လိုတယ်"

"အေး မင်း သိရင်ပြီးရော"

ဆံပင်တွေကြား ထိုးဖွနေသော လက်တွေကို
ဖယ်မိသည်။

"အဲ့လိုတွေ မလုပ်လည်းရပါတယ် ညီရာ။ ဒီအ
ခန်းထဲ Cameraမှ မရှိတော့တာ"

"မင်း လည်း ငါ့မမှီနေနဲ့တော့လေ။ ဒီမှာ Cameraမှ မရှိဘဲ"

"မှီချင်လို့ မှီတာဗျာ။ ဘာဖြစ်လဲ"

"အေး ငါလည်း ဖွချင်လို့ ဖွနေတာကွာ"

ပြောပြီးမှ နှစ်ယောက်သား အကြောင်းမဲ့ရယ်
ဖြစ်ကြသည်။ ကိုယ်တကယ်ရီဝေဝေဖြစ်နေတာပါ။ ခုချိန်အသိစိတ်က ပုံမှန်အနေအထားမှာ ရှိ
နေတာမဟုတ်

"ငာလည်း မင်းကိုဒီလို​တွေလုပ်​ဖို့အကျင့်ပါသွားတာနေမယ်"

"အင်း" ဟူသော ဖြေသံတိုးတိုးပြန်​ပေးမိသည်။

"ကိုယ် အပြင်ထွက်ထိုင်ချင်တယ်...ညီ အိပ်ချင်အိပ်တော့"

"လာလေ ထိုင်မယ်...မင်းတစ်ယောက်တည်း
လွှတ်မထားရဲဘူး။ မူးမူးနဲ့ အိပ်ပျော်သွားပြီး
လေဖြတ်သွားမှ ကျော်မကောင်းကြားမ
ကောင်းတွေဖြစ်မယ်"

PRO ||Season 2||  Where stories live. Discover now