"နှုတ်​ဆက်​ခဲ့ပါတယ်​ Yeol"

-  -  -  -  -  -  -  -  -  -  -  -@ -  -  -  -  -  -  -  -  -  -  -  -  -

"ဒါ​တွေက ဘာ​တွေလဲ Appa"

ကိုယ်​တိုင်​​တောင်​မသိလိုက်​ရဘဲနဲ့ မြင်​လိုက်​ရ​သော သတင်း​တွေ​ကြောင့်​ သတင်းအစပြုနိုင်​တဲ့ အ​ဖေဆီကို မျက်​နှာချင်းဆိုင်​ ရှင်းရန်​​ရောက်​လာခြင်း။ မထင်​မှတ်​ထားစွာနဲ့ သတင်းက တဟုန်​ထိုးပျံ့နှံ့သွားပြီး​တော့ Twitter မှာ​ကော အခြား Network ​တွေမှာပါ Trend 1 ဖြစ်​​နေသည်​။

"မင်းမြင်​တဲ့အတိုင်းဘဲ​လေ"

"ကာယကံရှင်​ဖြစ်​တဲ့ ကျွန်​​တော်​​တောင်​ဘာမှမသိဘဲနဲ့ Appa တို့က ဒီလိုလုပ်​လို့ရမလား"

"Park Chanyeol ငါကမင်းအ​ဖေပါ မင်းလုပ်​​နေတာ​တွေအကုန်​လုံးငါသိတယ်​ မင်း Idol ဖြစ်​ချင်​တယ်​ဆိုပြီး အိမ်​​ပေါ်က
ဆင်း သွားတုန်းက ငါဘာမှဝင်​မပါခဲ့ဘူး ဒါ​ပေမဲ့ ဒီကိစ္စမှာ ငါဝင်​ပါမှဖြစ်​မယ်​ ငါ့သားဖြစ်​တဲ့ မင်းက ​ယောကျာင်္း​လေးတစ်​​ယောက်​နဲ့ချစ်​​နေတာ ငါလက်​မခံနိုင်​ဘူး"

"ဘာဖြစ်​လို့လဲ သူလဲလူ ကျွန်​​တော်​လဲလူဘဲ​လေ လူသားအချင်းချင်းချစ်​တာ​လေ ​ခွေးနဲ့ချစ်​​နေတာမှမဟုတ်​တာ"

"ဒီမှာသား ​ယောကျာင်္းအချင်းချင်းချစ်​တယ်​ဆိုတာ သဘာဝမဟုတ်​ဘူး ပြီး​တော့ အဲဒါ​တွေကအ​နောက်​တိုင်းမှာသာ လက်​ခံချင်​လက်​ခံလိမ့်​မယ်​ ဒီအ​ရှေ့တိုင်းမှာ​တော့ ရွံစရာဘဲ မင်းအနှစ်​နှစ်​အလလ ကြိုးစားထားတဲ့​အောင်​မြင်​မှုကို သူ့အတွက်​နဲ့ အဆုံးရှုံးခံနိုင်​လား"

"ကျွန်​​တော့်​အတွက်​ သူသာ​ဘေးနားမှာရှိ​နေရင်​ စွန့်​လွှတ်​ရဲတယ်​"

"မင်းစွန့်​လွှတ်​နိုင်​​ပေမဲ့ မင်းကို​မွေးထားတဲ့ငါတို့အတွက်​​ကော မင်းကတစ်​ချိန်​မှာ Park လုပ်​ငန်းစုကိုလက်​ခံရမှာဘဲ ငါတို့ရဲ့အ​မွေ​တွေကို ဆက်​ခံနိုင်​မဲ့ သူကို​မွေး​ပေးရမှာ မင်းတာဝန်​ဘဲ ဒီတာဝန်​ကို ဟို​ကောင်​​လေးယူနိုင်​မယ်​လို့ ထင်​​နေတာလား"

"ကျွန်​တော်​သူ့ကိုချစ်​တာ သား​​ဖောက်​ဖို့ မဟုတ်​ဘူး"

Dreams(Completed)Where stories live. Discover now