"တော်တော် ပျော်နေတယ်ပေါ့....ဟွန့် ရုပ်ကိုကကျောင်းလာတုန်းကနဲ့တခြားစီ "

ဆယ်ဟွန်းကတော့...မင်ဆော့ဘယ်လိုပြောပြောစိတ်ထဲကိုမရှိ။မျက်နှာလေးကလည်း....ပျော်နေတာကြောင့် ကြည်လင်နေသည်။
ကျောင်းရှေ့က. ခုံတန်းလေးမှာထိုင်ပြီး Daddy လာခေါ်တာကို စောင့်နေခဲ့တယ်။

နာရီလက်တံလေးတွေသာ တဖြည်းဖြည်းကုန်ဆုံးလာတယ်။Daddy.... ပေါ်မလာ။မိုးတွေက သည်းကြီးမည်းကြီးရွာချလာတယ်။
ဟွန်းး...ခုံတန်းလေးပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး  မိုးရေထဲကနေဘဲစောင့်နေမိတယ်။ကျောင်းထဲဝင်စောင့်နေရင် ဟွန်းကိုမတွေ့လို့...Daddy နဲ့လွဲသွားမှာစိုးရိမ်တယ်~~

"အဟင့်~~ Daddy လုပ်ရက်တယ်။ အစထဲကမသေချာရင် ကတိမပေးခဲ့ပါနဲ့လား! ဟင့်~ "

Daddy ပေါ်လာနိုး....ပေါ်လာနိုးနဲ့စောင့်နေတာ မိုးတောင်တိတ်သွားခဲ့ပြီ။ဟွန်း...ဆီကို Daddy ရောက်မလာခဲ့ပါ။ တစ်ကိုယ်လုံးလည်း မိုးရေတွေစိုရွှဲနေပြီး....လူကပြန်ဖျားချင်လာပြီ။
Taxi တစ်စီးကိုတားလိုက်ပြီး အိမ်ကိုသာပြန်လာခဲ့တော့သည်။

" ဟွန်းငယ်... မိုးမိလာတာလား?? "

ဟင်... Daddy ကအိမ်နေရင်း အဝတ်စားနဲ့ အိမ်ပြန်ရောက်တာတောင်ကြာတဲ့ပုံ။ဒါဆို ဟွန်းကိုမေ့သွားခဲ့ပြန်တာလား??

"ငိုနေတာလား....ဘာဖြစ်လာတာလဲ ဟွန်းငယ်!! "

"ဟင့်~ Daddy ဟွန်းကိုလာကြိုမယ်ပြောပြီး... "

ရင်ထဲကနေ စို့နစ်လာတဲ့...ဝမ်းနည်းနာကျင်မှုကြောင့်စကားတို့ကဆက်ပြောလို့မရ။Daddy ကပုံစံကဘာမှမသိသလို....တကယ်မမှတ်မိတာလား?? မေ့ချင်ယောင်ဆောင်နေတာလား. ?
Daddy လက်မခံချင်တဲ့...ဟွန်းအချစ်တွေကို လျစ်လျှူရှူလိုက်တော့ပေါ့~

"Sorry....ဟာနာက ရုတ်တရက်မူးလဲသွားလို့ဆေးခန်းပို့ပေးနေရတာနဲ့ Daddy ဟွန်းငယ်ကို ကြိုဖို့မေ့သွားတယ်! "

အဟက်.....ဒီတစ်ခါရော သူမအတွက်ဘဲလား Daddy ရာ။သူမကို ချစ်တဲ့အချစ်ရဲ့အစွန်းထွက် နည်းနည်းလေးဖြစ်ဖြစ်.... ဟွန်းကို ချစ်ပေးနိုင်ရင် ဘာမှမမျှော်လင့်တော့ပါဘူး။

❝𝐃𝐚𝐝𝐝𝐲❞{Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ