Part-15

4.5K 430 131
                                    

တကယ်တော့လေ ချစ်ခြင်းတရားမှာ အလျားအနံမရှိသလို။အသွားအပြန်လည်း ရှိချင်မှ  ရှိတတ်တာ အဲဒီ... လက်ခံရရှိခဲ့တဲ့ ဒါမှမဟုတ် ရတယ်လို့ ထင်ခဲ့တဲ့ ချစ်ခြင်းတရားကို လေးမြတ်စွာ.... ယုံကြည်ခဲ့မိတယ်~~

ဆယ်ဟွန်း အတွက်... Daddy ပေးတဲ့ဥပက္ခာကြောင့် နေသားကျနေပါပြီ။အရင်လို... တခုခုဆို Daddy ကိုမ တ, မိတော့ဘဲ...ကိုယ့်အားကိုယ်ကိုးတက်လာပါပြီ။

📲📲....တူ တူ....

"ဆယ်ဟွန်းး...မင်းဖုန်းလာနေတယ် "

ကျောင်းသန့်ရှင်းနေ့မို့....ပြတင်းပေါက်မှန်တွေသုတ်နေတုန်း မင်ဆော့က ဖုန်းယူပြီးလာပေးသည်။ဒီချိန်ဆက်မဲ့လူလည်းမရှိပါဘူး။contact name လေးကြည့်လိုက်တော့

"My Lovely Daddy 💕💕 "

ဆယ်ဟွန်းး...ပျော်လွန်းလို့ မျက်ရည်တောင်ဝဲမိတယ်။Daddy ဟွန်းဆီဖုန်းမဆက်တာကြာပြီ။

📱.....Daddy လားဟင်??.

တဖက်ကပြန်မပြောဘဲ... စက္ကန့်ပိုင်းလောက်ကြာမှ အသံတိုးရှရှသြသြလေးနဲ့.....သိပ်ကိုမှတ်မိတာပေါ့ ဒီအသံပိုင်ရှင်ဟာ နှစ်ယောက်မရှိတဲ့ ဟွန်းရဲ့ Daddy~

📱.....ဟွန်းးလေး Daddy ညနေကျောင်းဆင်းရင်လာကြိုမယ်။ စောင့်နေနော် ကလေး....

📱.....တကယ်! တကယ်ပြောနေတာလားဟင်

ခဏခဏ အပယ်ခံရဖူးတော့....ဒီတစ်ခါလည်း နောက်ဆုတ်ပေးလိုက်ရမှာကြောက်နေမိတယ်။

📱.....တကယ်ပေါ့ ဟွန်းလေးကြိုက်တဲ့ ice-cream သွားစားမယ်လေနော်

📱.....ဟုတ် Daddy မလာမချင်း ဟွန်းစောင့်နေမယ်နော်~

Daddy ဖုန်းချသွားတော့.... ဆယ်ဟွန်း အပျော်လုံးစို့ပြီး မင်ဆော့ကိုတောင်ပြေးဖက်လိုက်သေးသည်။မပြုံးဖြစ်တာ ကြာခဲ့ပြီ။သူမရောက်လာထဲက....ဆယ်ဟွန်း အတွက်နေ့တိုင်းက ပူလောင်နေတယ်။

Daddy က ဟွန်းကိုပစ်မထားပါဘူး။အလုပ်တွေ မအားလို့. အချိန်မပေးနိုင်တာနေမှာပါနော်~
သက်သက်မဲ့ Daddy ကိုတောင် အမြင်တွေစောင်းနေတယ်။ မင်းတော်တော်ဆိုးပါလား?? ဟိ~

"ဆယ်ဟွန်း မပြန်သေးဘူးလား?? "

"အွန်းး....ငါ့ Daddy လာကြိုမှာတဲ့!! ဟီး မုန့်လိုက်ကျွေးမှာတဲ့ အာ့ကြောင့်စောင့်နေတာ "

❝𝐃𝐚𝐝𝐝𝐲❞{Completed}Where stories live. Discover now