Part-14

4.1K 399 84
                                    


Daddy....ကို ချစ်ခဲ့မိလို့ နောင်တလည်းမရဘူး။
မပြည့်စုံဘူးဆိုတဲ့ အကြောင်းပြချက်ကလွဲရင် ဟွန်း အချစ်ကခမ်းနားတယ်~~
အမြဲတမ်း အနားမှာနေပြီး... Daddy လိုအပ်တဲ့အရာတွေကို ဟွန်းကဖြည့်ဆည်းပေးခြင်တာ....သူမအတွက်ဆိုရင်တောင်မှပေါ့~ ဟွန်း ရင်တွေကွဲသွားပါစေ....

"ဟွန်းငယ်...!! မထသေးဘူးလား ?? "

အပြင်ဘက်က Daddy ခေါ်သံကြားနေပေမယ့်........တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး မျက်လုံးတွေလည်း ဖွင့်မရအောင်ကျိန်းစက်နေသည်။
Daddy.....ဟွန်းကို လာနှိုးပေးပါ! ထလို့မရဘူး...
မျက်လုံးတွေ ဖွင့်လို့မရဘူး Daddy ရာ....

မျက်ရည်ပူတွေသာ စီးကျလာပြီး....ခေါင်းမထူအောင် မူးနေသည်။

"ချန်းး....ဟာနာကို ကော်ဖီဖျော်ပေးဦးလေ "

"နိုးပြီလား?? ...လာ ကိုယ်ဖျော်ပေးမယ် "

ဟွန်းး....ကို ထားပြီးထွက်သွားခဲ့တယ်။Daddy ဟွန်းကို တကယ်ဘဲ စွန့်ပစ်လိုက်တာလား??
အဆင့်သင့်မဖြစ်သေးလို့ပါနော်!! ဟွန်းကို...မစိမ်းကားလိုက်ပါနဲ့ ~~
ခဏလောက်နေမှ....အားယူထကာ မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်လိုက်ရင်း...မှန်မှာပေါ်နေတဲ့ ကိုယ်ပုံကိုယ်ကြည့်ပြီး မျက်ရည်တွေက. ကျလာပြန်သည်။

"နိုးထလာရတဲ့ မနက်ခင်းတိုင်းမှာ Daddy အနမ်းနွေးနွေးလေးဘဲတောင့်တနေမိပြန်တယ်~ အဟက် Daddy မှာ သက်ဆိုင်သူ ရှိနေပြီဘဲ ဟွန်းး ဘယ်လိုလုပ်ရမှာလဲ?? "

ရေထဲကို မျက်နှာကို နှစ်ပြီးသစ်လိုက်ပေမယ့်...လန်းဆန်းမှုကိုတစိုးတစိမျှမခံစားရပေ။
ကျောင်းပိတ်ထားသည်မို့ အိမ်မှာဘဲ.... အခန်းအောင်းနေတော့မည်။အပြင်ထွက်လည်း Daddy တို့ကြည်နူးနေတဲ့ မြင်ကွင်းကို....မြင်နိုင်စွမ်းမရှိလို့ပါ~

ဆေးသောက်ပြီး အိပ်လိုက်မည်ဟုတွေးကာ....တခုခု စားရန်အောက်ထပ်ကိုမဆင်းချင်လည်းဆင်းလာရသည်။

"ဟွန်းငယ်....Daddy ကော်ဖီ ထည့်ထားပေးတယ် သောက်လိုက်နော်!! Daddy အလုပ်သွားတော့မယ်..."

"Daddy!!! "

ဆယ်ဟွန်း....တုန်ယင်နေတဲ့အသံကို မနည်းထိန်းကာ ထွက်သွားဖို့ပြင်နေတဲ့ Daddy လက်ကိုလက်ဆွဲလိုက်သည်။

❝𝐃𝐚𝐝𝐝𝐲❞{Completed}Wo Geschichten leben. Entdecke jetzt