Part-12

4.3K 415 80
                                    


"Daddy...ဟွန်းကို နောက်နေတာမလား?? "

"ဒါနောက်စရာ မဟုတ်ဘူး...ဟွန်းငယ်!! "

တည်တည်ငြိမ်ငြိမ်နဲ့ Daddy ကပြောနေနိုင်ပေမယ့် ဆယ်ဟွန်းမယုံကြည်နိုင်ပါ။Daddy ညာနေတာ...!

"ဟင့်အင်း....ဟွန်းသဘောမတူဘူးနော် Daddy!! လက်မထပ်ရဘူး!! "

"မင်းဆီက ခွင့်ပြုချက်တောင်းနေတာ မဟုတ်ဘူး!! ဟွန်းငယ်...မင်းကို Daddy အသိပေးတာ!! "

ဟွန်းကို မချစ်ရင်နေပါ Daddy ရယ်တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ စိတ်မကူးပါနဲ့....ဟွန်း Daddy ကိုအရမ်းချစ်လို့ပါ~~
ဟွန်းထက်ပိုပြီး သူမကိုဂရုစိုက်သွားမှာ မလိုလားဘူး~

ဆယ်ဟွန်းအတွေးလွန်နေတာ Daddy ထသွားတာတောင်မသိလိုက်။
သြော်...Daddy ကဟွန်းကို လျစ်လျှူရှူသွားတာပါလား~

"Daddy ...ဟွန်းတောင်းပန်ပါတယ် မကြိုက်တာရှိရင်လည်းပြင်ပါ့မယ်! Daddy လက်မထပ်ပါနဲ့နော်...ဟွန်း ကိုမစွန့်ပစ်လိုက်ပါနဲ့နော်~ အင့် ဟင့်.."

အလုပ်သွားခါနီး Daddy အင်္ကျီခါးနားစကိုကိုင်ကာ မျက်ရည်တွေနဲ့ဆယ်ဟွန်း... တောင်းဆိုမိတယ်။ပြန်ရလိုက်တာက....

"ပတ်ခ်ဆယ်ဟွန်းး...မင်းကို Daddy နှစ်ခါထပ်မပြောဘူးနော်!!! ကိုယ့်နေရာကိုယ့်သိ...!! "

ဟွန်းရဲ့ Daddy ဘယ်ရောက်သွားတာလဲ?? နွေးထွေးတဲ့ အကြည့်တွေအစား....အေးစက်စက်အပြုအမူတွေနဲ့ Daddy ပုံစံက ဟွန်းရင်ကို ဓားနဲ့မွှန်းနေသလို။
သူမကို အဲ့လောက်တောင်ချစ်တာလား Daddy....ဟွန်းအချစ်တွေကိုရော မရိပ်မိဘူးလား??

"ရတယ်!!! Daddy လက်ထပ်မယ်ဆိုရင်....ဟွန်းမျက်နှာကို ဒီတစ်သတ်လုံးဝမတွေ့ရတော့ဘူးမှတ်ပါ!!! အဟင့်~~ အီးးး ဟီးးး ဟင့်~ "

ဆယ်ဟွန်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာရင်း....ငိုကာအိမ်အပေါ်ထပ်ပြေးတက်လာခဲ့သည်။နောက်နေ Daddy လိုက်မခေါ်ခဲ့ပါ~

"အဟင့်~ Daddy ဟွန်းကို စိတ်ကုန်နေတာမလား!! အရူးကောင်!! မင်းက Daddy ကိုအမြဲစိတ်ဆင်းရဲအောင်လုပ်လို့.... အာ့တာမင်းကြောင့်ဖြစ်ရတာ..ဟင့်~ "

ခေါင်းကို တဖုံးဖုံးပြန်ထုပြီး အပြစ်ပေးနေမိတယ်။သူ့ဘဝမှာ Daddy ကလွဲပြီး ဘယ်သူမှမရှိဘူး!!...ဟွန်းကို တကယ်ဘဲအလေးမထားတော့တာလား Daddy ရာ~ အရင်ကဆို ငိုတာမပြောနဲ့ မျက်နှာလေးမကောင်းရင်တောင် ပြာယာခတ်နေခဲ့တဲ့ Daddy က အခုလိုက်တောင်မချော့ဘူး!!!

❝𝐃𝐚𝐝𝐝𝐲❞{Completed}Where stories live. Discover now