"ဟွန်း...နဲ့ပက်သက်တာတွေကို အဲ့လောက်တောင်မေ့ပစ်ချင်ခဲ့တာလား?? "

"ဟွန်းးငယ်.... ဘာတွေပြော!!

ချန်းယောလ် တကယ်သတိလွတ်သွားခဲ့တာပါ။ဟွန်းလေးက....ကော်ဖီမကြိုက်လို့ ငယ်ငယ်လေးထဲကမိုးလင်းတာနဲ့ နွားနို့ပူပူလေးကို သူကိုယ်တိုင်မှုတ်ပြီး...တိုက်ပေးနေကြ။

"Daddy အတွက်....ဟွန်းကအရေးမပါတော့ဘူးလားဟင်? ဟင့်~ "

"ဘာမဟုတ်တာလေးနဲ့ကိုကွာ!! နောက်နေ့မဖြစ်စေရဘူး....Daddy အလုပ်နောက်ကျနေပြီ ဖယ်တော့!! "

ဆယ်ဟွန်း....နာကျင်ရတယ်။Daddy ကအချိန်တိုလေးအတွင်းမှာ ပြောင်းလဲသွားတယ်~
ဟွန်း....ကော်ဖီမကြိုက်တာကိုတောင် Daddy မေ့လျောသွားတာ ဘယ်အရာတွေကြောင့်လို့အပြစ်ပုံချရမလဲ??

အဒေါ်ကြီးကို နွားနို့ကျိုခိုင်းတာ...breakfast ဝိုင်းမှာတစ်ယောက်တည်းထိုင်နေမိတယ်။Daddy မရှိရင်....နေ့ရက်တိုင်းက ကြေကွဲခြင်းသာ အစပြုတယ်။

ဆေးသောက်ပြီးတာနဲ့....အိပ်လိုက်တယ်။အိပ်မက်ထဲမှာတော့ Daddy ဟွန်းကို...အရင်လို ဂရုစိုက်ပြီးချစ်နေနိုင်တယ်မဟုတ်လား??ပေးဆပ်နိုင်သမျှချစ်ခြင်းမေတ္တာတွေနဲ့ Daddy ကိုဟွန်းချစ်သွားမှာ~ နာကျင်ရမယ်ဆိုရင်တောင် ဟွန်းဘဲ  နာကျင်ရပါစေသား~~

.................................................

"ဆယ်ဟွန်းး....ထကွာ!! ကျောင်းပိတ်တုန်းအိပ်မနေနဲ့ ငါနဲ့မြို့ထဲသွားရအောင် "

"ငါနေလို့ မကောင်းလိုပါ မင်ဆော့ရာ....! မလိုက်ချင်ဘူး မင်းဘာသာသွားလိုက်ပါကွာ "

"ငါတစ်ယောက်တည်း ပျင်းလို့်ပါဆို့....ဆယ်ဟွန်းလေးကလည်း လိုက်ခဲ့ပါကွာ နော်.."

ဆယ်ဟွန်းကို မင်ဆော့အမူအရာကိုကြည့်ပြီး...ပြုံးမိလိုက်တယ်။ဒီကောင် တစ်ကယ်ချစ်ဖို့ကောင်းတယ်...!

"အင်းး...ငါအဝတ်စားလဲလိုက်ဦးမယ် အောက်ကစောင့်နေ "

"ရေးး  ဒီလိုမှပေါ့.."

မင်ဆော့ကို ကြည့်ရတာ... လွတ်လပ်ပေါ့ပါးလိုက်တာ။အားကျတယ် သူ့ဘဝလေးကို မိသားစုအစုံအလင်နဲ့လည်းနေရပြီ...သူ့ချစ်သူကလည်း အရမ်းဂရုစိုက်တာခံရတယ်။
ဆယ်ဟွန်းကျတော့လည်း.....မချစ်သင့်တဲ့သူကိုသွားချစ်မိလို့များ နာကျင်ခြင်းပစ်ဒဏ်သင့်တာလား??
အချစ်မှာ ပစ်ညတ်ချက်တွေမလိုပါဘူး....ဟွန်း Daddy ကိုချစ်မိသွားတာတခုဘဲ မှားခဲ့တာပါ~~

❝𝐃𝐚𝐝𝐝𝐲❞{Completed}Where stories live. Discover now