သီချင်းသံသဲ့သဲ့သာ နှစ်ယောက်သား
ကြားရပြီး အလွန်တိတ်ဆိတ်နေလျက်...ချန်းယောလ် မိမိရှေ့မှ ကော်ဖီခွက်ကို တုန်ယင်စွာကိုင်ထားသည့်ကောင်လေးကိုမြတ်နိုးစွာ
အကြာကြီးငေးစိုက်ကြည့်နေမိ..."နေကောင်းရဲ့လား? ကလေး!"
"နေကောင်းရဲ့လား? ယောလ်!"
နှစ်ယောက်ပြိုင်တူ.မေးမိကျရာဝယ် ရီမောခြင်း
တို့အစပြုဝင်ရောက်လာခဲ့သည်..."ကျတော်နေကောင်းသွားပါပြီ"
ကျတော်သိချင်တာကို အလိုက်တသိ အရင်ဖြေလိုက်တဲ့ ကလေး....
"အင်း ကိုယ်လည်းကောင်းပါတယ်"
"ဟုတ်"
ထပ်ပြီးစကားမဆိုမိကြတော့ပြန်...
ခဏနေတော့ ဆယ်ဟွန်းကစပြီး..
"ကျေးဇူးတင်ပါတယ်~"
"ဟင်? ဘာတွက်?"
"အရာရာတိုင်းတွက်ပါ.."
ဟုတ်တယ်လေ ကျတော်ကို ဖေဖေကြောင့်
လဲ့စားချေချင်ရင် ဆေးစွဲကတည်းက ပစ်ထားမှာပေါ့...အာ့အကြောင်းတွေကို ဖေဖေကိုယ်တိုင်
ပြောပြခဲ့တာပါ..ဖေဖေဆီသေချာဂရုတစိုက်
ပြန်ပို့ပေးခဲ့တယ် သူဆီဘာလို့မထားတာလဲ
ဆိုတာ ကျတော်သိပါတယ်....ပိုဆိုးဝါးလာနိုင်တယ်မို့မလား
"ကျတော် ပြန်တော့မယ်"
မျက်ရည်များရစ်ဝဲလာပြီမို့ ဆယ်ဟွန်းသူ့
ရှေ့မှထပြန်ခဲ့သည်...သူ့ရှေ့ငိုမပြချင်တော့ဘူး.....
ချန်းယောလ်လည်းလိုက်မသွားမိ...ထပ်လောဘကြီးမိမှာစိုးလို့ပါ..
သူဌေးအိုတောင် ကတိတည်ခဲ့သေးတာ
ချန်းယောလ်လည်း တည်ရမည်....................
"သူဌေး ဧည့်သည်ရောက်နေပါတယ်"