part-9

12.2K 530 35
                                    

နေ့လယ်​စာစားချိန်​​ကျောင်းကန်​တင်းမှာ.
ဆယ်​ဟွန်းပျင်းရွဲရွဲထိုင်​​နေတယ်​..မျက်​နှာကလည်းမှုန်​ကုပ်​လို့....

"ဘာဖြစ်​​နေတာလဲ..ဆယ်​ဟွန်း"

"ဘာမှမဖြစ်​ပါဘူး..."

"မလိမ်​ပါနဲ့..မင်းလူကြီးအဆက်​သွယ်​မလုပ်​လို့
မှိုင်​​ထွေ​နေတာမလား??"

"မဟုတ်​ပါဘူးဆိုကွာ.."

"ဆယ်​ဟွန်း...မင်းထပ်​မကြားချင်​လည်းငါထပ်​​ပြောမယ်​..အာ့လူကြီးနဲ့အဆက်​သွယ်​ဖြတ်​လိုက်​ပါ​တော့လား??"

ဆယ်​ဟွန်း​ခေါင်းငုံသွားသည်​ ..သူအရမ်း​တောင်းဆိုလွန်းလို့..မင်​​ဆော့ထိုကိစ္စကိုလိုက်​​လျော​ပေးလိုက်​ရသည်​....

"ဟင်​..ငါကိုတစ်​ခုခုပြန်​​ပြောပါအုံး​လေ.."

"မင်​​ဆော့..ငါမှာ​ပြောစရာမရှိဘူး..ဒါမဲ့..​သေချာတာတစ်​ခုငါသူကိုမဖြတ်​နိုင်​ဘူး..."

မင်​​ဆော့လက်​​မြှောက်​အရှုံး​ပေးကာ..စားပွဲခုံ​ပေါ်မှထထွက်​သွားသည်​....

လွမ်းတယ်​..​ယောလ်​..ဘာ​တွေလုပ်​​နေလို့ကျ​တော်​ကိုမဆက်​သွယ်​ရတာလဲ...

အဆက်​သွယ်​မရတာ..နှစ်​ရက်​ရှိပြီ...

ဆယ်​ဟွန်းစိတ်​ပူသည်​...ဘယ်​​နေရာမှာ..ဘယ်​သူရှိ​နေမလဲ...ဆယ်​ဟွန်းကို​ရောသတိရရဲ့လား?

အို...ကျ​တော်​ဘာလို့အမြဲသံသယစိတ်​ဝင်​​နေရတာလဲ??အလုပ်​မအားလို့လည်းဖြစ်​ချင်​ဖြစ်​မှာ​ပေါ့....

ဆယ်​ဟွန်းမင်းဟာ​လေ..အမြဲအဆိုးဘက်​ကပဲ​တွေးတယ်​..တကယ်​ဆိုစ​တွေးကတည်းက...
အ​ကောင်းဘက်​ကိုအရင်​​တွေးရမှာကို....

⚡⚡⚡⚡⚡⚡⚡

"မသွားပါနဲ့..ဟင့်​အင်း..မမ..မလုပ်​ပါနဲ့...မမ!!"

ချန်း​ယောလ်​အိပ်​ယာထက်​မှကုန်းရုန်းထကာ..
အခန်းထဲ​ဝေ့ကြည့်​လိုက်​သည်​...

အိပ်​မက်​ပဲ.....

"မမ..."

ကုတင်​​ခေါင်းရင်း​ဘေးက..​ထောင်​ထားတဲ့ဓာတ်​ပုံ​လေးကိုလှမ်းယူကာ..အမြတ်​တနိုးနမ်းလိုက်​သည်​....

⚡BiTtEr LoVe⚡ [Completed]Where stories live. Discover now