part-23

9.9K 638 110
                                    

"ကိုကို!!!ကျ​တော်​မျက်​စိ​နောက်​လာပြီ​နော်​"

"ငါ ငါဘယ်​လိုလုပ်​ရမလဲ ??"

စိတ်​မ​အေးနိုင်​စွာ ထိုင်​လိုက်​ ထလိုက်​ လမ်း​လျှောက်​လိုက်​နဲ့ အရမ်း​တွေပြာယာခတ်​​နေတာ

"ဘာကိုလဲ??"

"သူ သူငါ့ကိုမုန်းသွားပြီလားမသိဘူး"

"ကိုကိုရာ ဘာ​တွေ​လျှောက်​​တွေး​နေတာလဲ?
ဒီလို​တွေ​ပြောတာလဲ သူစိတ်​ရှုပ်​လို့​နေမှာပါ"

"မဟုတ်​ဘူး ဂီချန်း ငါစိတ်​ထဲတစ်​မျိုးပဲ"

"ကဲ စိတ်​မချဘူးဆိုလဲ ခုအိမ်​ပြန်​လိုက်​​တော့"

အာ့လိုကျလည်းမပြန်​ဘူး ဟိုကသူ့ကို တလပြည့်​မှပြန်​လာလို့​ပြောထားတာလဲမဟုတ်​ဘူး.....

သူခုလို​​နေမထိထိုင်​မသာဖြစ်​​နေတဲ့ပုံစံက
ဘေးကကြည့်​ရတဲ့လူ အရမ်းစိတ်​မသက်​သာ
ဖြစ်​​ရတယ်

"ကိုကို ​ပြော​နေတယ်​ အာ့လိုကြီး အရုပ်​ကြိုးပျက်​ထိုင်​မ​နေစမ်းပါနဲ့"

"................"

"ကိုကိုကြည့်​ပြီး ကျ​တော်​မွန်းကျပ်​လွန်းလို့
ရိုက်​ကွင်းသွားတာ​တောင်​ ​နောက်​ဆံတင်း​နေရတယ်​..."

"ငါဘာမှမဖြစ်​လို့ ​ဘေဘီစိတ်​ချလက်​ချသွားပါ"

ဂီချန်း ​ခေါင်း​တွေ တဗြင်းဗြင်းကုပ်​ကာ သူ့ပစ္စည်း​တွေယူပြီးထွက်​သွား​လေသည်​....

"ဟွန်းရယ်​ မင်းဘာဖြစ်​​နေတာလဲ??"

.......................

ဆေးလိပ်​အတိုစ​တွေကြား အိပ်​​မောကျ​နေတဲ့
ဆယ်​ဟွန်း ​ခေါင်းမူးစွာနှိုးလာခဲ့သည်​...

ညက ပတ်​ချန်း​ယောလ်​ကြီးကို လွမ်းလွန်းလို့
အ​တော်​နဲ့အိပ်​မရ

အာ့တာက ညတိုင်းလိုလိုပါပဲ...

"အားးး ​ခေါင်းကိုက်​လိုက်​တာ"

နားထင်​ကိုလက်​နဲ့ဖိကာ ညည်းညူ လိုက်​သည်​..

ခေါင်းကိုခါရမ်းပြီးမှ ​ဘေးနားက​ဆေးလိပ်​ဘူး
ကိုယူကာ ​သောက်​မယ်​လုပ်​​တော့

⚡BiTtEr LoVe⚡ [Completed]Opowieści tętniące życiem. Odkryj je teraz