part-25

10.5K 720 91
                                    

ဒုန်း~~~ဒုန်း~~

"ပတ်​ချန်း​ယောလ်​!!!တံခါးဖွင့်​!!တံခါးဖွင့်
ပေးပါ " ဒုန်း...ဒုန်း 

"............"

"ပတ်​ချန်း​ယောလ်​!!! အဟင့်​"

အခန်းအတွင်းက​နေ တံခါးကိုအဆက်​မပျက်​ထု​နေတဲ့ဆယ်​ဟွန်း​အော်​သံ​တွေကို ကြားလျက်​နဲ့
ချန်း​ယောလ်​ တံခါးဖွင့်​မ​ပေးမိ.....

အခန်းတံခါးကိုသာမှီလျက်​ ထိုင်​ငို​နေမိသည်​...

"က​လေးရယ်​~~"

ဒုန်း~~~~ဒုန်း~~~

မနက်​ကလည်း သူ့ကို​ဆေးလိပ်​မ​တိုက်​လို့
ချန်း​ယောလ်​ကိုကုတ်​ဆွဲပီး သူ့ကိုယ်​သူ
နံရံနဲ့​ခေါင်း​ပြေး​ဆောင့်​ပြီးပြီ...

သူနာကျင်​​တော့ ချန်း​ယောလ်​မ​နေသာ​တော့ပဲ
တစ်​လိပ်​ထုတ်​​ပေးလိုက်​ရတယ်​...

အာ့တာ​သောက်​ပြီး ကုန်​​ရော ​နောက်​ထပ်
တောင်းတယ်​ အန္တရာယ်​ဖြစ်​​စေမဲ့ ပစ္စည်း​တွေအကုန်​အပြင်​ထုတ်​ကာ ခုလိုအခန်းတံ
ခါးပိတ်​ထားလိုက်​ရသည်​ ....

"ပတ်​ချန်း​ယောလ်​ တံခါးဖွင့်​​ပေး!!!"

အဆက်​မပြတ်​ထု​နေတာပဲ လက်​​တွေ
နာ​နေ​တော့မှာပဲ က​လေးရယ်​.....

ချန်း​ယောလ်​ တံခါးဝမှီရင်းငို​နေတုန်း

"ကိုကို!!!"

ဂီချန်း​ရောက်​လာကာ......အခန်းထဲ ဆယ်​ဟွန်း​အသံကြား​တော့ ...

"ဘယ်​လို​တွေဖြစ်​ကုန်​တာလဲ ကိုကိုရယ်​"..

"ငါ​ကြောင့်​ အဟင့်​ ငါ​ကြောင့်​ပါ "

ချန်း​ယောလ်​ ဂီချန်းရင်​ခွင်​ထဲ တိုးဝင်​ကာ
အော်​ဟစ်​​ငိုမိသည်​....

"မငိုပါနဲ့ ကိုကိုရယ်​~~"

"ငါဘယ်​လိုလုပ်​ရမလဲ ဘာဆက်​လုပ်​သင့်​လဲ
ဘာမှကိုမစဉ်းစားတက်​​​တော့ဘူး"

ဂီချန်း ကိုကိုဖက်​ထားကာ သက်​ပြင်းချမိသည်​..

"သူ​ဆေးလိုအပ်​​နေလို့ အရူးတစ်​​ယောက်​လိုဖြစ်​​နေတဲ့ပုံကိုငါမကြည့်​ရက်​ဘူး"

⚡BiTtEr LoVe⚡ [Completed]Where stories live. Discover now