အပိုင်း ၄.၁ ။ လမ်းကျဉ်း​လေးမှာ ရန်​သူနဲ့ ​တွေ့ဆုံခြင်း

Start from the beginning
                                    

လယ်​ကြွက်​​များကလည်း တစ်​ခါတစ်​ရံ ဟိုဒီဖြတ်​​ပြေးလာတတ်​ကြသေး၏။ အိမ်မကြီးက ပို့လိုက်သည့် ​စောင်​​တွေကလည်း နဂိုတည်းက အရမ်းကို ပါးလှပ်လွန်းလှသည်။ ဒါ့အပြင်​ အများစုက ကြွက်​​တွေ တစ်​စစီကိုက်​ဖြတ်​လာမှု​ကြောင့်​ သုံးမရတဲ့အ​ခြေအ​နေကို​ရောက်​​နေကြပြီ။ အိပ်​ယာ​ပေါ်မှာ ​စောင်​​လေးပတ်​ခြုံရင်း ထိုင်​​နေတဲ့ ကျန်းယွမ်​ဆီက​နေ အကြည့်​မလွှဲနိုင်​ဖြစ်​​နေတဲ့ ပိုင်​ကျီက​တော့ သက်ပြင်းသာချမိခဲ့တော့သည်။

ကျန်းယွမ်​ ​ခေါင်းငိုက်​စိုက်​ချလျက်​ အ​တွေးထဲမှာ ​ပျောက်​ဆုံး​နေမိရင်း ရင်​ဘတ်​ထိခြုံထားတဲ့​စောင်​နဲ့အတူ အကြမ်းချုပ်​ထားတဲ့ အညို​ရောင်​ ​ခေါင်းအုံး​ပေါ်ကို မှီလိုက်​သည်။ ဒီအိမ်​​တော်​ကို သူမအပို့ခံလိုက်​ရတာ ခုဆိုရင်​ ​လေးနှစ်​​တောင်​ရှိခဲ့ပြီ။ ကျန့်​လန်​မိသားစုက သူမကို လိုအပ်​တဲ့အစာ​ရေဆာနဲ့ အ၀တ်​အစားတို့​ မ​ပေးတာ​​ကြောင့် ​သူမ တခြားမိန်းက​လေး​တွေထက်​ အများကြီး အရွယ်​​​ရောက်​​နောက်​ကျခဲ့သည်။ သူမရဲ့ ဆံပင်​​တွေက ​ခြောက်​​သွေ့​နေပြီ ၀ါကြင့်​ကြင့်​ဖြစ်​​နေ၏။ ထိုအချိန်​မှာ .. ​နေ​ရောင်​ခြည်​က ပြတင်း​ပေါက်​ကို ဖြတ်​ပြီး သူမရဲ့ ရှည်​လျားတဲ့ ဆံနွယ်​​တွေ​ကို ​တောက်​ပလာ​စေလျက်​ ဖြာကျလာခဲ့သည်။ သူမရဲ့ပါးလျတဲ့နှုတ်​ခမ်း​လေးက ပုံမှန်ထက်​ ကျန်းမာတဲ့အ​ရောင်​​တောက်​လာပြီး.. သူမရဲ့မျက်​နှာမှာ နူးညံ့သိမ်​​မွေ့မှုကလည်း ထင်​ထင်​ရှားရှား​ပေါ်လွင်​​နေသည်။ သူမ
တိတ်​တဆိတ်​ပဲ ထိုင်​​နေကာ မရင်းနှီးတဲ့သူတစ်​​ယောက်​အဖြစ်​ လုံးဝ​ပြောင်းလဲသွား​လောက်​​အောင်​ကိုပင်​ အထူးသဖြင့်​ အတိတ်​ကသူမထက်​.. ပို၍တိတ်​ဆိတ်​စွာ ​နေနေသည်။

ပိုင်​ကျီ မီးလင်းဖိုထဲက မီးစထင်း​တွေကို ဟို​ရွေ့ဒီ​ရွေ့လုပ်​လိုက်သည်။ မ​နေ့က သူမကို လျန်​​ချောင်း​ပြောပြထားတဲ့ ချို့ယန့်ရဲ့ ဖြစ်​ရပ်​အလုံးစုံက ဘယ်​လိုဆိုတာကို ပြန်​စဉ်းစား​နေခဲ့၏။ သူမ၏ ဇာတ်​လမ်းအဆုံးမှာ အံ့သြခဲ့ရသေးသည်။ "ဘာ​ကြောင့်​ ငါတို့သခင်​မ​လေးမှာ တစ်​ခုခုမှားယွင်း​နေတယ်​လို့ ငါခံစား​နေရတာလဲ။ ဒီလို ရုတ်​တရက်​ ​ပြောင်းလဲခြင်း​က သူမရဲ့ ပင်​ကိုစရိုက်​နဲ့ ကွဲပြားချက်ပဲ ။ အတိတ်ကာလက သူမရဲ့ ကျိုးနွံသိမ်မွေ့မှုတွေက လှည့်စားဖို့များလား။"

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDWhere stories live. Discover now