အခန်း ၁၀။ ပြောင်းလဲမှု (၂)

602 104 2
                                    

Burmese Translation of Rebirth of an Ill-fated Consort《重生之嫡女祸妃》

Translated to English by: togekiss

Translator - Jas_astra
အခန်း ၁၀။ ပြောင်းလဲမှု (၂)
______________________

သူမဘေးတွင် ရှိနေသည့်ချန်ဖန့်က ကျန့်လန်၏အတွေးများကို မခန့်မှန်းနိုင်ပေ။ ပုံမှန်ဆိုလျှင် ပျော့ညံ့နေကာ အနိုင်ကျင့်ရလွယ်သည့် ဒီသခင်က ယနေ့တွင် အတော်လေး စီးပိုးနေသည်ဟုသာ ခံစားရလေသည်။ ကျန်းရွမ်ဝတ်ဆင်သညိ့ အဆင်တန်ဆာများက သူမကိုမယှဉ်ပြိုင်နိုင်သော်ငြား သူမအ...

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

သူမဘေးတွင် ရှိနေသည့်ချန်ဖန့်က ကျန့်လန်၏အတွေးများကို မခန့်မှန်းနိုင်ပေ။ ပုံမှန်ဆိုလျှင် ပျော့ညံ့နေကာ အနိုင်ကျင့်ရလွယ်သည့် ဒီသခင်က ယနေ့တွင် အတော်လေး စီးပိုးနေသည်ဟုသာ ခံစားရလေသည်။ ကျန်းရွမ်ဝတ်ဆင်သညိ့ အဆင်တန်ဆာများက သူမကိုမယှဉ်ပြိုင်နိုင်သော်ငြား သူမအလှကို ဖုံးကွယ်ထားဖို့ရာ အတော်လေးခဲယဉ်းလှ၏။ သူမအသွင်က တက်ကြွပြီး လှပသည်။ ချန်ဖန့်သည် လွန်စွာကြီးမားသော မနာလိုမှု ဖြစ်သွား၍ တွေးတောမှုမရှိဘဲ ပြောလိုက်လေသည်။
"မမလေး၊ မမလေးခန္ဓာကိုယ်က ဟိုဟိုဒီဒီလျှောက်သွားနိုင်လောက်တဲ့အထိ သက်သာနေပြီပဲဖြစ်ရမယ်၊ မနက်ဖြန်ကစပြီး လက်ကိုင်ပုဝါတွေကို ချည်စထိုးသင့်ပြီထင်တာပဲ၊ ဒီလကုန် အားလုံး ပြီးလောက်မှာပါ"

ကျန်းရွမ် ဒီနေရာကို အပို့ခံရစဉ်အခေါက်က ကျန့်လန်မှာ ကျေးရွာဆီရောက်လာစဉ် ကျန့်လန်မှာ ကျေးလက်တောရွာ၏ အရာအားလုံးမှာ ခမ်းနားသောမြို့တော်ရှိ သက်တောင့်သက်သာ လူနေမှုဘဝနှင့် မယှဉ်ပြိုင်နိုင်ကြောင်း ပြောဖူးသည်။

ထို့ကြောင့် ကျန်းရွမ်မှာ အိမ်မှုကိစ္စများကို ကိုယ်တိုင်လုပ်ရသည်။ ပုံမှန်ဆိုလျှင် ကျန်းရွမ်မှာ ထင်းမခုတ်ရ လယ်ကွင်းထဲ အလုပ်မလုပ်ရသော်ငြား ပိုင်ကျီနှင့် လျန်ချောင်းမှာ ဆက်တိုက်ဆိုသလို အစေခံများအဖြစ် အသုံးပြုခံရသည်။ အစေခံနှစ်ယောက်၏ တစ်ချိန်က လက်ဖဝါးနုနုလေးများမှာ ငယ်ငယ်ရွယ်နှင့်ပင် အသားမာတက်ခဲ့ရသည်။ ကျန်းရွမ်မှာလည်း သူတို့ထက် အခြေအနေကောင်းသည်တော့ မဟုတ်ပေ။ သူမက လယ်ယာထဲ အလုပ်လုပ်စရာမလိုသော်ငြား လတိုင်း ပုဝါအထည်၂၀ကို ချည်ထိုးထိုးရန်လိုအပ်သည်။ သူမ၏ ကိုယ်ပိုင်အသုံးစရိတ်အတွက်ပေးရန် သူတို့ကိုအပ်ရသည်။ ပုပါအထည်၂၀က နည်းလှသည်မဟုတ်ပေ။ လျန်ချောင်းနှင့်ပိုင်ကျီတို့လည်း နည်းနည်းစီကူရသည်။ သို့သော် သူတို့၏ စုပေါင်းကြိုးစားအားထုတ်မှုများမှာ အရေအတွက်မှီသည်ဆိုရုံလေးဖြစ်သည်။ ချည်ထိုးအဆင်များမှာ ရှုပ်ထွေးလှ၍ တစ်ခုပြီးတစ်ခုထိုးရန် သူတို့မှာမျက်လုံးအားစိုက်ရတော့သည်။ အထူးသဖြင့် နှစ်သစ်ကူးနီးလာလျှင်  အထည်၂၀က ၃၀ဖြစ်သွားလေ၏။ အလုပ်က ကိုင်တွယ်ရခက်လှချေသည်။

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDحيث تعيش القصص. اكتشف الآن