အပိုင်း ၅.၁ ။ ဂုဏ်​သိက္ခာအတွက်​အသေခံနိုင်​တဲ့မိန်းက​လေး

3.5K 438 7
                                    

[Zawgyi]

ဒါကတော့ မူရင်း ဘာသာပြန်သူ ပုံဖော်ထားတဲ့ ချန်ကျောင်းရဲ့ ရမက်တွေနဲ့ ပြည့်နေတဲ့ ပုံစံမျိုးပဲ ဖြစ်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါကတော့ မူရင်း ဘာသာပြန်သူ ပုံဖော်ထားတဲ့ ချန်ကျောင်းရဲ့ ရမက်တွေနဲ့ ပြည့်နေတဲ့ ပုံစံမျိုးပဲ ဖြစ်တယ်။

ဒီနေ့  ချန်ကျောင်းတစ်ယောက် အပြင်မှာ
အလေလိုက်ပြီး အိမ်တော်ကို ပြန်လာချိန်တွင် အိမ်တော်မှ ထွက်လာတဲ့ လူအချို့ကို အမှတ်မထင် တွေ့လိုက်ရသည်​။ ထိုလူတွေအလယ်က ကောင်မလေးကတော့ နူးညံ့ပြီး ကျက်သရေရှိတဲ့ ပုံစံမျိုး ဖြစ်နေသည်​။ ထိုကောင်မလေးကို မြင်လိုက်ချိန်တွင် ချန်ကျောင်းတစ်ယောက် ဟန်ပင် မဆောင်နိုင် မျက်လုံးမှ အရောင်တွေ ထွက်လာသလို ခံစားလိုက်ရသည်​၊ ထိုကောင်မလေးကို သူ အနီးကပ် ကြည့်လိုက်သည့်အခါမှ ထိုကောင်မလေးသည် အခြားသူ မဟုတ် ကျန်းယွမ်​ ဖြစ်နေ၏။

ပုံမှန်အားဖြင့် ကျန်းယွမ်​သည် ချန်ဖန့်ကဲ့သို့ သေသေချာချာ ဝတ်စားခြင်း မရှိသောကြောင့် ချန်ကျောင်း သူ့အား အရေးတယူ ပြုခြင်း မရှိခဲ့ပေ။ သို့သော်ငြား မကြာသေးခင်ကပင် သူသည် အာဏာကြီးမားသော အိမ်တော်များမှ အမျိုးသမီးများအကြောင်း သိချင်စိတ်ကို ထိန်းမရအောင် ဖြစ်နေခဲ့သည်။ ဘယ်သူကများ ဒီလို အမျိုးသမီးတွေက သူတို့ ဂုဏ်သိက္ခာအတွက်  စကားတစ်ခွန်း မဟပဲ ရေထဲ တန်းခုန်ချလိမ့်မယ်လို့ ထင်မိမှာလဲ။ ထိုအကြောင်းကို တွေးလိုက်မိရုံဖြင့် ရလာသည့် ခါးသီးသည့် ခံစားချက်ကြောင့် သူ့ ဗိုက်ကိုပင် ဖိထားလိုက်မိသည်။ ဘယ်သူကများ ထင်မိမှာလဲ။ သူမကို ဒီနေ့ တွေ့လိုက်သည့်အခါ သူ့မျက်လုံးတွေ အရောင်တောက်လာလိမ့်မယ်လို့။

ဖြစ်နိုင်တာတော့ နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့ အိမ်တိုင်းက အလင်းရောင်တွေကြောင့်ရယ် သူမ ဝတ်စားထားတာတွေက သူမ အသားရည်နဲ့ လိုက်ဖက်နေတာရယ်တွေကြောင့် သူမ မျက်နှာကို ပိုပြီး ကျော့ရှင်းသွားစေတာ ဖြစ်ရမည်။ထိုအထဲ ပိုပြီး ထူးခြားနေတာကတော့ သူမ၏ ငြိမ်သက်တိတ်ဆိတ်သော အရှိန်အဝါပင်။ ထိုအရာက သူမကို အခြားလူတစ်ယောက်လို ဖြစ်သွားစေသည်​။

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDWhere stories live. Discover now