အပိုင်း ၄.၁ ။ လမ်းကျဉ်း​လေးမှာ ရန်​သူနဲ့ ​တွေ့ဆုံခြင်း

3.7K 382 4
                                    

[Zawgyi]

တရုတ်​နှစ်​သစ်​ရဲ့ပထမဆုံး​နေ့ မနက်​​စော​စော

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

တရုတ်​နှစ်​သစ်​ရဲ့ပထမဆုံး​နေ့ မနက်​​စော​စော.. အိမ်​​တော်​ရဲ့အပြင်ဘက်​ လမ်းတစ်​လျှာက်​ဆီမှ ၀ါးနဲ့လုပ်​ထားသည့်​​ဗြောက်​အိုးသံ​တွေကို ကြား​နေရသည်​။ တစ်​​ယောက်​ပြီး​တစ်​​ယောက်​... အိမ်​​တော်​ရဲ့ က​လေး​တွေဟာ 'နှစ်သစ်တံခါးဖွင့်ပွဲတော်' [ခိုက်မန်ပေါင်ကျန်း] အတွက်​ ​ဗြောက်​အိုး​ဖောက်​ဖို့​ ထွက်​လာကြသည်​။ ​၀ါး​ဗြောက်​အိုး​လေး​တွေ ​ဖောက်​သွားပြီး​နောက်​ ..​မြေပြင်​တစ်​ခုလုံး အနီ​ရောင်​​တွေနဲ့ ဖုံးလွှမ်းသွားခဲ့သည်​။ မြေပြင်တစ်ခုလုံးမှာ အနီရောင်ပန်းထိုးချည်ထိုးထားသော ဘရိုကိတ်ခင်းထားသည့်အလား။ ဘဝတစ်လျှောက်လုံး အောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့ တိုးပွားစေလိုသော ရွယ်ရွည်ရင်းနှင့် ပြုကြခြင်းဖြစ်သည်။

အိမ်​​တော်​တစ်​ခုလုံးဟာ စတင်​ပြီး ​ယောက်​ယက်​ခတ်​ လှုပ်​ရှားလာသည်။ တမင်လုပ်တာလား၊ မေ့လျော့သွားတာလားတော့မသိ၊ နှစ်​သစ်​ကူးညစာစားပွဲပြီး​တော့ ကျန်းယွမ်တို့ရဲ့ အိမ်​​တော်​ဘက်ကို လာလည်​ဖို့ ဘယ်​သူမှ တွန်းအားမ​ပေး​တော့။

ပိုင်​ကျီ မီးလင်းဖိုကို တံခါးက​နေ မ​ရွေ့လိုက်​သည်။ အသက်​ရှူကြပ်​​စေတဲ့မီးခိုး​တွေကို အ​ဝေးကို မှုတ်​ထုတ်​​နေတာ​ကြောင့်​ သူမရဲ့ ခန္ဓာကိုယ်​တစ်​၀က်​​လောက်​က ၀င်​​ပေါက်​ကို ပိတ်​သလိုဖြစ်​သွားသည်။ ​နေ​ရောင်​ခြည်​က ပြတင်း​ပေါက်​​တွေကိုပဲ ဖြတ်​ပြီး ၀င်​လာနိုင်​တာ​ကြောင့်​ အိမ်​​တော်​ကို ​နွေး​ထွေးရုံ​လောက်​သာ လုပ်​​ပေးနိုင်သည်။ ဒီအိမ်​​ဆောင်က ၀င်းထဲမှာ ​ဝေးလံပြီး ပျက်​ဆီးယိုယွင်းမှုအများဆုံးဖြစ်​တာ​ကြောင့်​ ​လေနဲ့မိုး​ရေတို့ဟာလည်း အမိုးကို ဖြတ်​ပြီး တစ်​​နှစ်​ပတ်​လုံး ယိုစိမ့်​လျက်​ရှိသည်။

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDTahanan ng mga kuwento. Tumuklas ngayon