ထုတ်မပြောဖြစ်တော့တဲ့ ဒဏ်ရာတွေက ပိုပြီးသွေးထွက်သံယိုများပါတယ် အစ်ကို...။
ဘာမှမဖြစ်သလို ပြုံးပြီးကြည့်နေနိုင်ဖို့ ကျွန်တော် ဘယ်နှစ်ကြိမ်သေပေးရမလဲ...။~~~~~~~
တစ်နှစ်ကြာပြီးနောက်...
~အဆုံးသတ်ကြတာပေါ့...နောက်ဆုံးဖြစ်နိုင်တဲ့ စကားလုံးနဲ့ ငါ့ဆီပြန်လာခဲ့တယ်...
ကြင်နာမှုမရှိ...ရက်စက်စွာ Goodbye...
ငါရူးသွားပြီး နောက်တစ်ကြိမ် အသိတရားမဲ့သွားပေမယ့်လည်း...
သတိထား!ဒါက နောက်ဆုံးနေ့ပဲ!
yay...I don't know...
ငါတတ်နိုင်သမျှကြိုးစားခဲ့တယ်ဆိုပေမယ့်
နင့်ကြောင့် အားလုံးတစ်စစီ ပျက်စီးခဲ့ကုန်တာပဲမလား...
Darling you...ငါ့အကြောက်တရားထဲက မျှော်လင့်ချက်ကနင်...
Darling you...ခရီးရှည်တစ်ခုရဲ့ အဆုံးသက်ကနင်...
ထာဝရတည်မြဲတာ ဘာမှမရှိဘူးလို့ တစ်ကမ္ဘာလုံးက ပြောလည်းပဲ...Darling Darling you... ~"ချန်းယောလ်..."
ဂျုံအင် ပခုံးကို လှမ်းပုတ်တဲ့အခါ ပါးပေါ်ကျနေတဲ့ မျက်ရည်ကို သုတ်ပြီး ဘာမှမဖြစ်သလိုပြုံးပြလိုက်သည်...။ဂျုံအင်က ရေဒီယိုကို လိုင်းပြောလိုက်ပြီး ကျွန်တော့်ဘေးဝင်ထိုင်သည်...။
"အဆင်ပြေရဲ့လား...။"
"ဘာကိုလဲ..."
ဂျုံအင် ဘာမှထပ်မပြောတော့ဘဲ မိုးရွာနေသည့် အပြင်ဘက်ကို ငေးသည်...။
"မိုးတွေ ပြန်ရွာလာတော့မှ တစ်နှစ်ကုန်သွားပြီဆိုတာ သတိထားမိတယ်...ဒီလိုပဲ တစ်နှစ်ပြီး တစ်နှစ် တဖြည်းဖြည်းနဲ့ အသားကျသွားမှာပါ..."
"အင်း..."
"ခနနော်..."
သန့်စင်ခန်းဘက် ဝင်သွားတဲ့ ချန်းယောလ်ရဲ့ကျောပြင်ကိုကြည့်ပြီး ဂျုံအင် သက်ပြင်းမောကို မှုတ်ထုတ်လိုက်သည်...။အဆင်ပြေတယ်ပြောပြီး နောက်ကွယ်မှာ ချန်းယောလ် ငိုတတ်တာသိပေမယ့် ဂျုံအင်တို့ ဘာမှမကူညီနိုင်တာလဲ ကြေကွဲစရာပဲ...။
တချို့ ပြဿနာတွေက ကိုယ်တိုင်ပဲ ဖြေရှင်းဖြတ်ကျော်ရမှာ မဟုတ်ဘူးလား...။လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော့်ကို ရုတ်တရက်ကြီး လှမ်းခေါ်တဲ့ ချန်းယောလ်ရဲ့ အဝင်ကောလ် တစ်ခုအကြောင်း သတိရတယ်...။
YOU ARE READING
Darling~
Fanfictionကိုယ်က လေ...ပဲ ကလေး... ကိုယ့်ကိုဖမ်းဖို့ကြိုးစားတဲ့အခါ ဟိုးအဝေးကြီးကို လွင့်သွားမှာ...။