အစ်ကိုထယ်မင်းဆီက တောင်းလာတဲ့ ဖုန်းနံပါတ်လေးကို contactမှာထည့်ထားပြီး ဘေးက အစိမ်းရောင်လေးကို နှိပ်ရမလား မနှိပ်ရဘူးလား အကြိမ်ပေါင်းများစွာ တွေဝေနေမိသည်…။ဒါပေမယ့် ချန်းယောလ်မှာရှိတဲ့ နတ်ဆိုးစိတ်က ပိုပြီးအားကောင်းပုံရကာ ချန်းယောလ်သတိထားမိတဲ့အချိန်မှာ ဖုန်းခေါ်ပြီးသားဖြစ်နေသည်…။
"အား…သွားပြီ"
သွားပြီးပြောပြီး ဖုန်းကို ကောက်ကိုင်လိုက်တာက end callကို နှိပ်ဖို့ဆိုပေမယ့် တကယ်လုပ်ဖြစ်တာက နားနားကပ်ကာ နားထောင်မိခြင်း…။
တူ…တူ ဆိုသည့်အသံကို နားထောင်နေရင်း စိတ်လှုပ်ရှားစွာ လက်မကို ရှေ့သွားနှင့် တတိတိကိုက်နေသေးသည်…။"ဟယ်လို…"
ဖုန်းစပီကာထဲက သြရှရှအသံကို ရုတ်တရက်ကြားလိုက်ရတဲ့အခါ ဖုန်းကို လွှတ်ချမိတော့ မလိုဖြစ်သွားပြီး ရင်ခုန်သံတွေမြန်လာသည်…။
ဘာပြောရမှာလဲ…ဘာပြောရမှာလဲ…။"ဟယ်လို…"
ချန်းယောလ် စဉ်းစားနေတဲ့ အချိန်မှာပဲ ဟိုဘက်က ထပ်ခေါ်လာသည်…။
ခေါ်တုန်းကခေါ်ပြီး နောက်ဆုံး ဘာပြောရမှန်းမသိတဲ့နောက် end call ကိုသာနှိပ်လိုက်သည်…။
ဖုန်းကိုချပြီးမှ လူကထူပူတက်လာကာ အိပ်ရာခင်းထဲခေါင်းထိုးပြီး အော်ဟစ်နေမိသည်…။
ဘယ်လောက်တောင် အော်မိလဲဆို အိပ်ခန်းရှေ့ကဖြတ်သွားတဲ့ အမေကတောင် စိတ်ပူပြီးဝင်မေးရတဲ့အထိ…~~~~~~~
"ငါ့ဖွင့်ထားတာ စာအုပ်ဆိုင်လား။ဒုက္ခသည်စခန်းလား တစ်ခါတစ်လေ မသဲကွဲဘူးဟေ့…။"
ညကအိပ်ရေးပျက်တာကြောင့် ကောင်တာပေါ်မေးတင်ပြီး အိပ်ပျော်နေတဲ့ ချန်းယောလ်ကို ကြည့်ပြီး ဂျုံအင် ညည်းညည်းညူညူလေးဆိုသည်။
"အာ…အစ်ကို…"
ကိုယ်ကသာညည်းသော်လည်း တုတ်တုတ်လေးတောင်မလှုပ်တဲ့ ချန်းယောလ်ကို ခေါင်းခါပြီး ဒီဘက်လှည့်လာတော့ ဆိုင်ထဲဝင်လာတဲ့ခရစ်နဲ့တိုးသည်…။တိုက်ရိုက်မိတ်ဆက်ထားတာမဟုတ်ပေမယ့် အစ်ကိုထယ်မင်းဆီသွားတုန်းက မြင်ဖူးထားသည်မို့ ခေါင်းညွတ်နှုတ်ဆက်လိုက်တော့ ဟိုဘက်က အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ဆတ်ပြပြီး ကောင်တာမှာအိပ်ပျော်နေတဲ့ ချန်းယောလ်ကို ကြည့်ကာ ပြုံးမလိုပြုသည်…။
YOU ARE READING
Darling~
Fanfictionကိုယ်က လေ...ပဲ ကလေး... ကိုယ့်ကိုဖမ်းဖို့ကြိုးစားတဲ့အခါ ဟိုးအဝေးကြီးကို လွင့်သွားမှာ...။