4K 388 32
                                    

မိုးလေးဖွဲဖွဲကျနေတဲ့အပြင် နေ့လည်ခင်းလည်းဖြစ်တာကြောင့် ဂျုံအင်ရဲ့စာအုပ်ဆိုင်လေးမှာ ဝယ်သူရှင်းလင်းနေတယ်…။
အပြင်က မိုးရေစက်တွေနဲ့အပြိုင် ဆိုင်ထဲမှာတော့ ချန်းယောလ် repeatလုပ်ပြီးဖွင့်ထားတဲ့ 'Time Boils The Rain' က ခပ်ဆွေးဆွေး ကခုန်နေလေရဲ့…။
စာအုပ်ထိုင်ဖတ်ဖို့ချထားတဲ့ သစ်လုံးစားပွဲပေါ် ခေါင်းမှောက်ပြီး ထိုင်နေတဲ့ ချန်းယောလ်နဲ့ နှုတ်ခမ်းထောင့်က ဒဏ်ရာကို သတိရတိုင်းကိုင်ကာ မျောက်အိုလို ညည်းနေတဲ့ ကောင်တာက ဆယ်ဟွန်းကိုကြည့်ပြီး ဂျုံအင် စုတ်သပ်ကာ ခေါင်းခါသည်…။
သူ့ဆိုင် အရောင်းပါးရတာ အကြောင်းပြချက်ကြီးကြီးရှာစရာမလိုတော့ဘူး…။

~~~~~~~

ဂျုံအင် သူ့ရှေ့ကခုံမှာဝင်ထိုင်တာ သိပေမယ့် ချန်းယောလ်ခေါင်းကိုမမော့မိဘူး…။မှန်တွေကိုဖြတ်ပြီး မိုးစက်တွေကျနေတဲ့ ကတ္တရာလမ်းကို ငေးနေတယ်ဆိုပေမယ့် သူ့အာရုံထဲ ကျောပြင်တစ်ခုကသာ မကြာခဏဆိုသလို ရောက်ရောက်လာတယ်…။
သိတတ်စအရွယ်ထဲက အမေရိုက်သွင်းပေးထားတဲ့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ရဘူးဆိုတဲ့ စကားကြောင့် သူတွေးလေလေထိုလူကို အားနာလေလေဖြစ်သည်…။
နာကြည်းသလို ရယ်သံတွေ…

'ကျွတ်'

ခေါင်းထဲက ပျောက်လိုပျောက်ငြား ခေါင်းကိုမော့ပြီး ခါလိုက်တော့ မျက်လုံးပြူးပြီး ကြည့်နေတဲ့ ဂျုံအင်နဲ့တိုးသည်…။

"ဘာကြည့်တာလဲ…။"

မျက်ခုံးတွန့်ပြီးမေးလိုက်တော့ ကြောင်တောင်တောင်နဲ့ ခေါင်းခါသည်…။ပြီးမှ'ကိုယ့်ဆိုင်နဲ့ကိုယ်တောင် သူတို့ကိုကြောက်နေရတယ်'လို့ နှုတ်ခမ်းထော်ပြီး မကြားတကြားပြောတော့ ချန်းယောလ်မှာ ထရယ်ရသေးသည်…။

~ချွင်…~

အဲ့အချိန်မှာ ဆိုင်ဝမှာတပ်ထားတဲ့ ချူသံလွင့်လာပြီး ဆိုင်ထဲ လူတစ်ယောက်ဝင်လာသည်…။

~သူ…~

လရောင်အောက်မှာ ဝိုးတဝါးမြင်ခဲ့ရတာဆိုပေမယ့် သူဆိုတာ မှားစရာမရှိဘူး…။တိုက်ဆိုင်တယ်လို့ဆိုရမှာလား…။ခုနလေးတင် သူ့အကြောင်းတွေးနေသည်ကို
သူကတော့ ကျွန်တော်နဲ့ဂျုံအင်ဘက်ကို တစ်ချက်တောင်မကြည့်ပါဘူး…။တန်းပြီး ကဗျာစာအုပ်တွေထားတဲ့ အတန်းကိုဝင်သွားသည်…။
အမဲရောင် စွပ်ကျယ်နဲ့ ဂျင်းဘောင်းဘီအရောင်ဖျော့တွေက သူ့စတိုင်ပဲလားမသိ…။
ဒီနေ့တော့ အနီရင့်ရောင်အကွက်ပါတဲ့ ရှပ်လက်ရှည်ကို ကြယ်သီးတွေတစ်လုံးမှ တပ်မထားဘဲ အပေါ်ကလွှမ်းရုံဝတ်ထားတာနဲ့ ဂျင်းဘောင်းဘီမှာ ဘာကြိုးမှ မပါတာပဲ ကွဲမယ်…။
မေးလေးထောက်ပြီး ငေးနေပြီးမှ လူတစ်ယောက်ကို ဒီလိုခေါင်းအစခြေအဆုံး ကြည့်ဖူးတာ ပထဆုံးဟု သတိရပြီး ရှက်အမ်းအမ်းဖြစ်ရသေးသည်…။
တော်သေးတာက ဂျုံအင်ရော ဆယ်ဟွန်းရောက ကျွန်တော့်ဘက် အာရုံရောက်မနေလို့…။

Darling~Where stories live. Discover now