2.8K 372 31
                                    

အိပ်ပျော်အောင်အိပ်လိုက်လို့ပြောပေမယ့် တကယ်တမ်းတော့ ဘယ်လိုစိတ်မျိုးနဲ့အိပ်လို့ရမှာလဲ…။ပြီးတော့ ကြားခဲ့ပြီးသားစကားတစ်ခုကိုလဲ ဘယ်လိုနည်းနဲ့မှ မကြားခဲ့သလို သဘောထားလို့မရဘူးလေ…။
ရေချိုးခန်းထဲက ကိုယ်လုံးပေါ်မှန်ရှေ့မှာ အကြာကြီးရပ်ပြီး ကိုယ့်ကိုကိုယ်ပြန်ကြည့်နေဖြစ်တယ်…။
ကျွန်တော့်ရဲ့ဘယ်အစိတ်အပိုင်းက မိန်းမနှင့်တူနေသလဲဆိုပြီးတော့…။
အရပ် ခြောက်ပေကျော်ဆိုတာ သာမန်ယောက်ျားလေးတွေမှာတောင် မရှိနိုင်တဲ့အရပ်မျိုးနဲ့ ပုံမှန် gym မဆော့ဖြစ်ရင်တောင် ကျွန်တော့်ခန္ဓာကိုယ်က နုနုရွရွထဲမှာမပါပါဘူး…။
ပြုံးနေကျအတိုင်း နှုတ်ခမ်းကို တွန့်ပြီး ပါးချိုင့်ပေါ်အောင် ပြုံးလိုက်တော့ ကျွတ်ဆတ်ဆတ်နဲ့ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် မှန်ထဲပေါ်လာတယ်…။
မှန်ဂေါ်လီလိုကြည်တောက်နေတဲ့ မျက်လုံးဝိုင်းတွေ…အဲ့မျက်လုံးတွေက ကျွန်တော့်ကို မိန်းမဆန်စေတာလား…။
သူကျွန်တော့်မျက်လုံးတွေကို မကြာခနစိုက်ကြည့်လေ့ရှိတာတော့ သတိထားမိသည်…။

"အား…မသိတော့ဘူး…"

ရေပန်းခလုတ်ကိုဖွင့်ပြီး ခေါင်းအစခြေအစုံး အအေးဓါတ်တွေစိမ့်သက်သွားတာတောင် နည်းနည်းလေးမှမလန်းဆန်းသွားဘူး…။
ရေချိုးခန်းထဲကထွက်ပြီး ကုတင်ပေါ်လှဲတော့လဲ ဒီအတွေးတွေက မရပ်သွားနိုင်ဘူး…။

ဘယ်ညာလူးလိမ်းပြီး နောက်ဆုံး ပက်လက်ပဲလှန်ဖြစ်ကာ မျက်နှာကျက်က မီးလုံးကို စိုက်ကြည့်နေမိသည်…။

'ကိုယ်တို့တွဲကြရအောင်…'

နားထဲ အဲ့အသံပြန်ကြားလာတော့ ခေါင်းခါလိုက်သည်…။

ငါက သူ့ကို တွယ်ကပ်လွန်းလို့ ငါကို အပေါစားထင်သွားတာလား…။
ပြန်တွေးကြည့်ရင် သူနဲ့တွေ့ပြီးတစ်လျှောက်မှာ သူဘက်ကပြောသမျှကို ကျွန်တော်ဘယ်တုန်းကမှ ဟင့်အင်း မလုပ်ခဲ့ဘူးတာတွေ ပြန်မြင်ယောင်လာသည်…။
အဲ့ဒါကလည်း သူ့ရဲ့အရှိန်အဝါတွေကြောင့်ပင်မလား…။
သူက ချောမောလှပ ပြီးပြည့်စုံသည်…။ကြည့်ကောင်းတဲ့သူ တော်တော်များများတွေ့ဖူးတာတောင် သူချောမောမှုက နတ်ဘုရားဆန်သည်…။
ပြီးတော့ တစ်ဖက်မှာလည်း ကျွန်တော်လေးစားပြီး သဘောကျရတဲ့သူ တစ်ယောက်မဟုတ်လား…။
ကျွန်တော်မှမဟုတ်ဘူး တခြားဘယ်သူမှ သူ့ကိုဆို လွန်ဆန်နိုင်မှာမဟုတ်ဘူး…။အဲ့ဒါနဲ့ပဲ ချစ်တယ်လို့ခေါင်းစဉ်တပ်လိုက်ရမှာလား…။
ယောက်ျားချင်းချစ်တာက ကျွန်တော်ကြားဖူးသလောက်တော့ မပြည့်ဝတဲ့ မိသားစုမှာ ပေါက်ဖွားလာတဲ့သူ…ငယ်စဉ်ကတည်းက လိင်ပိုင်းဆိုင်ရာ ညှင်ပန်းနှိပ်စက်ခြင်းခံခဲ့ရတဲ့သူ…
နောက် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်ခြင်းခံခဲ့ရတဲ့သူတွေ ဖြစ်တာလို့ ကြာဖူးတယ်…။

Darling~Where stories live. Discover now