"ကျစ်​!!ကုန်​​နေပြီပဲ"

စတိုးဆိုင်​ သွားရအုံးမှာပဲ ဆယ်​ဟွန်းမျက်​နှာသစ်​ပြီး အ​ပေါ်ထပ်​ဝတ်​ကာ ထွက်​လာခဲ့သည်​.....

"ညီ အကို့ကို ​ဆေးလိပ်​ ၃ဗူး​လောက်​"

"ဟုတ်​ကဲ့ အကိုရပါပြီ"

ဆယ်​ဟွန်းအိတ်​ကပ်​ထဲမှာ ပိုက်​ဆံအချို့ထုတ်
ပေးလိုက်​သည်​...

"အကို ​ဆေးလိပ်​​တွေအရမ်း​သောက်​တာပဲ​နော်​"

ကောင်​​လေးစကား​ကြောင့်​ ဆယ်​ဟွန်းပြုံးရင်း

"ငါမှာ အ​ဖော်​ဆိုလို့ ဒီ​ဆေးလိပ်​​တွေပဲရှိတာ"

ကောင်​​လေးကမျက်​ခုံး​လေးပင့်​ကာ ​ခေါင်း
တငြိမ့်​ငြိမ့်​နဲ့ ပြီးမှ...

"ကျ​တော်လည်း အကိုလိုပါပဲ"

"ဟ ဟ တူ​နေတယ်​​ပေါ့"

"အင်း~~ဒါမဲ့ ကျ​တော်​ဆီမှ ​အာ့ဆေးလိပ်​ထက်
ပို​ကောင်းတဲ့​ဆေးလိပ်​ရှိတယ်​ သုံးမလား??"

ဆယ်​ဟွန်းမျက်​​မှောင်​ကျူံလိုက်​ပြီး...

"အာ့တာ ဘာလဲ ?"

"အာ့တာက နည်းနည်း​ဈေးကြီးတယ်
ပြီး​တော့ တရားမဝင်​ဘူး"

ထိုအခ်ျိန်​ ဆယ်​ဟွန်းအ​တွေးထဲ ဝင်​လာသည်​က
ယောလ်​​ကို​ခဏ ခဏ သတိမရရင်​ ဘာမဆိုလုပ်​ချင်​တာကိုပဲ...

"ရပါတယ်​ ဘယ်​​လောက်​​ဈေးကြီးကြီး"

သူမှာ ​ယောလ်​လစဉ်​ထည့်​​ပေးတဲ့ ပိုက်​ဆံ
တွေက တစ်​ပြားမှမ​လျော့​သေးဘူး​လေ

ပိုက်​ဆံတွက်​ပူမ​နေဘူး...

"ဟာ!!ဟုတ်​ပြီ အကို ဒီလိုလုပ်​ အကို့ဖုန်းနံပတ်​​ပေးခဲ့ ကျ​တော်​အလုပ်​ပြီးတာနဲ့ဆက်​လိုက်​မယ်​"

"အင်း ညီဖုန်း​ပေး အကိုမှတ်​​ပေးခဲ့မယ်
အကိုနာမည်​ အိုဆယ်​ဟွန်းပါ"

"ဟုတ်​ကဲ့ လီဝူဂျင်းပါ"

ဆယ်​ဟွန်းဖုန်းနံပတ်​မှ​တ်​​ပေးခဲ့ကာ အိမ်​ပြန်​လာ
ခဲ့သည်​....

ဆယ်​ဟွန်းတစ်​​နေ့တာ ဘာအလုပ်​မှမလုပ်​ရ​တော့ TVကြည့်​မယ်​ ဖုန်းကလိမယ်​ ဝရံတာ
ထွက်​ပြီး​ဆေးလိပ်​​သောက်​မယ်​.....

⚡BiTtEr LoVe⚡ [Completed]Where stories live. Discover now