တိုက်​ခန်းသို့​ရောက်​​တော့ တံခါး password ကိုနှိပ်​ရသည်​။ Password ကို ကိုယ့်​​မွေး​နေ့အဖြစ်​​ပေးထားတဲ့ Byun Baekhyun ​လေးဟာ ​တော်​​တော်​ကိုချစ်​စရာ​ကောင်းပါတယ်​။
27111992 ဆိုတဲ့ Password ​လေးကိုနှိပ်​ကာ တိုက်​ခန်းအတွင်းသို့ဝင်​လာလိုက်​သည်​။ ဧည့်​ခန်းတွင်းရှာလိုက်​​တော့ မ​တွေ့သဖြင့်​ တိုက်​ခန်းအနှံ့ရှာလိုက်​ရာ ကိုယ်​​တော်​​လေးက ​ရေချိုး​နေသည်​။

ထို့​ကြောင့်​ ပါလာသည့်​ မုန်​ထုတ်​​တွေကို ​ရေခဲ​သေတ္တာ
ထဲသို့ ထည့်​ရန်​ကြည့်​လိုက်​ရာ ထင်​သည့်​အတိုင်း​ရေခဲ​သေတ္တာက ​ပြောင်​သလင်းခါ​နေသည်​။ ဘယ်​​လောက်​ဖြည့်​ဖြည့်​မပြည့်​ရသည်​ကား ထိုက​လေးသည်​ ​တွေ့သမျှမုန်​​တွေ့ကို ပါးစပ်​မလပ်​စားတက်​သည်​​ကြောင့်​ပင်​။ ကြာ​တော့ ဝက်​ပုတ်​​လေးပင်​ ဖြစ်​လာ​တော့မည်​။

"အာ Yeol ​ရောက်​​နေတာလား"

ရေချိုးခန်းထဲမှထွက်​လာ၍ထင့်​။ ​ခေါင်းက ​ရေစက်​​လေး​တွေက တဖြုတ်​ဖြုတ်​ကျ​နေကာ နှုတ်​သီး​လေးကလည်း နီရဲ​နေသည်​။ Tower တစ်​ထည်​ကို ပတ်​ထား၍ ​ဆံပင်​များကို သုတ်​လျက်​သား ​မေးလာသည်​။ ထို့​ကြောင့်​ ဆံပင်​မ​ခြောက်​လျှင်​​နေမ​ကောင်း ဖြစ်​မယ်​စိုး​သော ကိုယ်​ကပင်​ ပုဝါကို ယူကာ ခုံ​ပေါ်တွင်​ထိုင်​​စေ၍ သုတ်​​ပေးရပြန်​သည်​။

"ကိုယ်​က Baek ​ရေချိုး​နေကတည်းက ​ရောက်​တာ ဆံပင်​ကို ဒီလိုအစိုအတိုင်းမထားရဘူး ​နေမ​ကောင်းဖြစ်​မှ ကိုယ်​ရင်​ကျိုး​နေရမယ်​"

"အင်းပါ ဒါနဲ့ ဇာတ်​ကားကိစ္စ ဘယ်​လိုဖြစ်​သွားပြီလဲ"

"ကိုယ်​က​တော့မရိုက်​နိုင်​ဘူးလို့​ပြောခဲ့တယ်​ သူတို့ဘာသာ လူစားထိုးရိုက်​လိမ့်​မယ်​"

"Yeol ကလဲ သူတို့က ဇာတ်​ကားကို ပိုပြီးအသက်​ဝင်​​အောင်​ရိုက်​ခိုင်းတာ​နေမှာပါ"

"ဇာတ်​ကား အသက်​ဝင်​ဖို့ထက်​ ကိုယ့်​ရဲ့နှုတ်​ခမ်းက Baek မဟုတ်​တဲ့အခြားတစ်​​ယောက်​နဲ့ မထိ​တွေ့ရဖို့က အ​ရေးကြီးတယ်​ Baek သိတယ်​မလား ကိုယ့်​နှုတ်​ခမ်းက Byun Baekhyun ဆိုတဲ့ ခင်းဗျား​လေးရဲ့ မူပိုင်​ဆိုတာ"

Dreams(Completed)Where stories live. Discover now