အပိုင်း ၁၅

Start from the beginning
                                    

"ဟီး P ကို အားနာလိုက်တာ။ တောင်းပန်ပါ
တယ် ခင်ဗျ။"

အကြည်လင်ဆုံး အပြုံးထုတ်သုံးပြီး
MC ကို တောင်းပန်စကားဆိုလျက် Fanတွေ
မေးလာသော မေးခွန်းတွေကို တော့ မျက်
မှောင်ကြုတ်လျက် သေချာအာရုံစိုက် ကာ
စတင်ဖတ်နေတော့၏။

MCပင် မနေသာတော့။

"ကဲ Nong တို့နှစ်ယောက်ကြားထဲက လျှို့ဝှက်
မှုလေးတွေကို P တို့ မဖော်ထုတ်တော့ပါဘူး
အခုချိန်က စပြီး Nong တို့ Fanတွေကပဲ ဖော်
ထုတ်ပါတော့မယ်။ ကဲ မေးလာတဲ့ မေးခွန်းလေး
တွေ ဖတ်ပြမယ်နော်"

ဟူ၍ ပွဲဝင်ထိန်းပေးရတော့သည်။

"ပထမဆုံး မေးထားတာ တစ်ယောက်နဲ့တစ်
ယောက် မကြိုက်တဲ့ အချက်တဲ့"

"ဟား...ကိုယ်တို့ မဖြေရှင်းရသေးတာတွေရှိ
နေသေးတဲ့ အချိန် ဒီမေးခွန်းက နည်းနည်း
Serious ဖြစ်စေမယ်ထင်တယ်။ အင်း...ညီနဲ့
ပတ်သတ်လို့ မကြိုက်ဆုံး အချက်က ကိုယ်သူ့
ကို ပေးထားတဲ့ ကတိကို သူမယုံရဲတာဘဲ။ ဒါ
ကိုယ့်ကို တော်တော်ခံစားရစေတယ်"

"အဲ့ဒီ့အတွက် ငါ မင်းကိုတောင်းပန်နေတာပဲ
Rainရာ..."

ထိုင်းလိုပြောလိုက်သော စကားကြောင့် Screenပော် Sad React တွေ ပလူပြန်ခော်
သည်။ တစ်ယောက်နဲ့ တစ်ယောက် LIVE
ကို လာကြည့်ဖို့ inviteလုပ်သည့်အရေအတွက်
တွေလည်း တိုးလာပြီး Viewersတွေတ
ရိပ်ရိပ်ကို တက်နေတော့၏။

"Rainကို မကြိုက်တဲ့ အချက်က Rainက ပွင့်
လင်းသလိုနဲ့ အရမ်းလျို့ဝှက်လွန်းတယ်"

"ဟာဗျာ ညီ ကတော့ လုပ်ပြီ။ ကိုယ့် တစ်ကိုယ်
လုံးကိုတောင် မြင်ဖူးထားပြီးနေပြီ ကိုယ်ကညီ့
ကို ဘာလျှို့ဝှက်ထားရမှာလဲ ဗျာ"

"Oii" ဟူသော MC၏ အသံကိုလျစ်လျူရှုပြီး
ဝိုင်းစက်သော မျက်ဝန်းများနှင့် ပြန်မော့ကြည့်
လာသူကိုပဲ ငဲ့ကြည့်နေလိုက်တော့သည်။

ပြန်မော့ကြည့်လာသည့် မျက်ဝန်းတွေသည်
ကြည်လင်လွန်းလှသည်။ နေကောင်းမြတ်သူ
မှာတွေ့ရသော ထက်မြတ်မှုတွေ မတွေ့ရတတ်
သော်လည်း ညီစေအံ့နဲ့ မလိုက်ဖက်သော
ကြည်လင်မှုတွေကိုတော့ ဟန်ဆောင်နေတာ
ဟု စွပ်စွဲဖို့ပင် မဝံ့မရဲဖြစ်စေလောက်သည်။နား
ဖျားလေးတွေ မကုတ်ပဲနီနေတာ ဘာကြောင့်
များပါလိမ့်။

PRO ||Season 2||  Where stories live. Discover now