..... ကျောပြင်တစ်ခု......
ကြည့်နေရင်းကနေ အဲ့ဒီ့ ကျောပေးထားတဲ့ သူကလည်း တံခါးဝရှေ့က ခြေရင်းမှာ ထိုင်ချလိုက်တယ် ။ ဒီကျောပြင်ကို ကောင်းကောင်း မှတ်မိနေတာမို့ တံခါးဆွဲဖွင့်လိုက်ရင်း
" Kongpop ? "
" P'Arthit !! "
နောက်ပြန်လန်ကျလာတဲ့ Kongpop ရဲ့ ကိုယ်လုံးကို ဒူးနဲ့ပြန်ထိန်းလိုက်ရင်း ဘေးနား ထိုင်ချလိုက်တော့မှ Kongpop က မျက်လုံး အပြူးသားနဲ့
" P' မပြန်သေးဘူးလား ? ကျွန်တော် P' မရှိဘူးပဲ ထင်နေတာ "
" ငါမရှိဘူးဆိုတာ သိရဲ့သားနဲ့ ပိတ်ထားတဲ့
တံခါးကို ဘာလို့ အတင်းတိုးဝင်နေတာလဲ ? "Kongpop က ဘာမှပြောစရာမရှိတော့တဲ့မျက်နှာ လုပ်ပြနေတာမို့ Arthit က ခါးပေါ်လက်ထောက်ရင်း စိုက်ကြည့်လိုက်တော့မှ
" ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးရမလား ? "
ဝေ့လည်ကြောင်ပတ်မေးခွန်း ဆုံးသွားတော့ Arthit က ဆိုင်ရှေ့မှာ ပိတ်ရပ်ထားတဲ့ Kongpop ရဲ့အမဲရောင် ဆိုင်ကယ်ကြီးကိုလက်ညိုးထိုးရင်း
" မင်း မူးလာတဲ့ပုံစံနဲ့ ဒီဆိုင်ကယ်ကို ငါက
ယုံယုံကြည်ကြည်လိုက်စီးရအောင် အရမ်းသေချင်နေတဲ့ပုံစံ ပေါက်နေလို့လား ? "" ကျွန်တော် သောက်လည်း ဘယ်လောက်သောက်နိုင်မှာမို့လို့လဲ ? P' သိရဲ့သားနဲ့ "
ဟင့်အင်း ..
အရင်က Kongpop နဲ့ ပတ်သက်ပြီး ဘာမှပြန်မမှတ်မိချင်။ အပေါင်းအသင်းတွေထက် စာရင် လျှော့သောက်တတ်တဲ့ Kongpop ရဲ့အကျင့်ကို မေ့ထားလိုက်ချင်သလို ရှေ့က
ဆိုင်ကယ်ကြီးကိုမြင်တိုင်း တဝူးဝူးတဝေါဝေါနဲ့ ရမ်းကားနေတတ်တဲ့အုပ်စုကိုလည်း ပြန်မမြင်ယောင်ချင်ပါ။" သန့်စင်ခန်း သုံးလို့ရမလား ? "
ဘာတွေကြံနေတာလဲဆိုတဲ့အကြည့်နဲ့ မယုံသင်္ကာ ကြည့်လိုက်တဲ့ Arthit ကို Kongpop က နားလည်တဲ့ပုံစံနဲ့
" ဒီဆိုင်ရှေ့မှာမှ မပေါက်တတ်တာ :/ "
" မင်းကို ဘယ်သူက ပေါက်ခိုင်းလို့လဲ ဒီမှာ ! အိမ်ပြန်တော့ !"
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...
Runaway
Start from the beginning