"အဟင်း ဒီ​နေ့ 12 ရက်​​နေ့​နော်​"

"အင်း​လေ ဖုန်းဖွင့်​လိုက်​ရင်​ မြင်​​နေရတာဘဲ ဘာများထူးဆန်းလို့လဲ"

"ဒါဆို ၁၃ ရက်​​နေ့ကဘာ​နေ့လဲ"

"စ​နေ​နေ့​လေ ရူး​နေတာလား ဒါ​တွေလာ​မေးရ​အောင်​"

"ဟာ Yeol ​မေ့​နေတာလား ကျွန်​​တော့်​ကိုအ​ဖြေ​ပေးရမယ်​​လေ"

"​ဩော်​ အ​ဖြေ​တောင်​​ပေးရ​တော့မှာလား"

"အင်း​လေ Yeol ကဒီကြားထဲမ​ပြောရဘူးဆိုလို မ​ပြောတာ ဒါ​ကြောင့်​မနက်​ဖြန်​ ကျွန်​​တော်​ကြားချင်​တဲ့အ​ဖြေ​ပေးပါ"

"ငါ​ပေးချင်​တာ​ပေးမှာ​ပေါ့ မင်း​ပြောတဲ့အတိုင်း​ပေးရ​အောင်​ ငါကမင်းအနာဂါတ်​လင်​လား"

"အိုရ်​ အတိတ်​နမိတ်​​တွေကလည်း​ကောက်​တက်​လိုက်​တာအ​ဖြေ​တောင်​မ​ပေးရ​သေးဘူး တန်းလင်​​တော်​လိုက်​တာဘဲ"

"​ဟေ့​ကောင်​ ငါကစကားအဖြစ်​​ပြောတာ "

"အင်းပါ ပယ်​သူကပါ​ပျော့​နေလို့လဲ"

"ရုပ်​ကိုက ပြီစပ်​စပ်​နဲ့ ငါစိတ်​ရှိတိုင်းလုပ်​လိုက်​ရ"

"လုပ်​​လေ ပယ်​သူကတား​နေလို့လဲ"

"​တော်​ပြီ ရုပ်​​ပြောင်​တာရပ်​​တော့ အခုကကားထဲမှာ​နော်​ နှစ်​​ယောက်​လုံးမသာ​ပေါ်​နေမယ်​"

သူထိုသို့​ပြောလိုက်​မှ ပါးစပ်​ပိတ်​​သွား​သောထို​ကောင်​​လေးကိုကြည့်​ပြီး​ကျေနပ်​သွားသည်​။ လိမ္မာသားဘဲ။ အမှန်​က သူ့မှာ​ပေးစရာ အ​ဖြေရှိပြီးသား။သို့​သော်​ ထိုက​လေးကို တမင်​နှိပ်​စက်​ချင်​​သော​ကြောင့်​ အချိန်​ဆွဲထားခြင်းပင်​။ သူစလိုက်​၍ ဆူပုတ်​သွား​သောမျက်​နှာကိုမြင်​လျှင်​ အသဲတစ်​ယားယားရှိလှသည်​။ ​နေပါ​စေ ချစ်​သူဖြစ်​မှ အဟင်းဟင်း။

"ကျွန်​​တော်​ ​​ရေခဲမုန့်​စားချင်​တယ်​ ဟိုမြင်​​နေရတဲ့​ရေခဲမုန့်​ဆိုင်​မှာ ရပ်​​ပေး"

"အင်း အင်း"

အစားသရဲက ​ရေခဲမုန့်​စားချင်​သည်​ဆို​သော​ကြောင့်​ ဆိုင်​​ရှေ့ရပ်​​ပေးလိုက်​သည်​။ ထိုက​လေးက ​ကော့​တော့​ကော့​တော့ဖြင့်​ အရင်​​ရှေ့ကထွက်​သွား​သော​ကြောင့်​ ပိုက်​ဆံအတ်​လက်​ကြားညှပ်​ကာ ​နောက်​ကလိုက်​ရသည်​။ ​စောင်​က​လေးက သူနဲ့ဆိုရင်​ ပိုက်​ဆံဘယ်​​တော့မှမထုတ်​ သူဘဲအားလုံ့းရှင်း​ပေးရတယ်​။ချွေတာစု​ဆောင်း သူ​ဠေး​လောင်းတဲ့။ ချစ်​သူမဖြစ်​ခင်​ကတည်းက လူကိုနှိပ်​စက်​​နေတယ်​။

Dreams(Completed)Where stories live. Discover now