"ဟုတ်​လား ခုဏက​ပြောတာတကယ်​လားကျွန်​​တော်​​ပြောတာလုပ်​မယ်​ဆိုတာ​လေ"

တီ​ကောင်​ဆားတွန့်​သည့်​နှယ်​ ခန္တကိုယ်​ကို ဖြတ်​ဖြတ်​လူးကာ​ပြော​နေ​သော အနှီအ​ကောင်​​ပေါက်​က မျက်​စိထဲမှာ လုံးဝ cross။

"​ဩော်​ အင်းအင်း"

"ဒါဆိုရင်​ကျွန်​​တော့်​ကို ​နောက်​လ ၁၃ ရက်​​နေ့​ရောက်​ရင်​အ​ဖြေ​ပေး အခုက ၁၃ ရက်​ဆို​တော့စဉ်​စားချိန်​ ၁လ ရမယ်​ ကြားတယ်​မလား"

"မင်းကအ​ဖြေ​ပေးမှာလား ငါက​ပေးရမှာလား"

"Yeol က​ပေးရမှာ​လေ"

"​ဟောအခု yeol ဖြစ်​သွားပြန်​ပြီ ​ခေါ်ပါဦးခုဏကလို ခင်​ဗျားလို့"

"အာ ဒါကကျွန်​​တော်​ စိတ်​ပုံမှန်​မဟုတ်​လို့​ခေါ်တာ အဲလိုသူစိမ်းဆန်​ဆန်​​ခေါ်စရာလား အဟင်း"

"​အေး ဒါဆိုရင်​ မင်းအဲဒီ​နေ့မှငါ့ဆီက အ​ဖြေရမယ်​ ဒီကြားထဲ လုံးဝ မ​တောင်းရဘူး​နော်​"

"အင်းပါ Yeol သာကျွန်​​တော်​လိုချင်​တဲ့အ​ဖြေ​ပေးဖို့ပြင်​ဆင်​ထား"

အ​ဟေး​ဟေး ကျွန်​​တော်​ Drama ခင်းလိုက်​တာ​နောက်​တစ်​လဆိုအ​ဖြေရ​တော့မယ်​။ အဟီး ​ကျေနပ်​ ဝမ်းသာ ​ပျော်​ရွင်​ ချမ်း​မြှေ့ပါ​သော​နော်​။ Crush ဆီက အ​ဖြေရဖို့အများကြီးလုပ်​စရာမလိုပါဘူး။ ဖြစ်​ပျက်​​နေတယ့်​ အ​ခြေအ​နေ​ပေါ်မှာ မူတည်​ပြီး Drama ခင်းတက်​ရမည်​။ နည်းနည်းညဏ်​​ကောင်းဖို့​တော့ လိုတာ​ပေါ့။ အခုဆိုရင်​ bobohu ​လေးနှစ်​တစ်​​ထောင်​ FA ဘဝကလွတ်​ဖို့ တစ်​လသာ လိုပါ​တော့သည်​။

ဩော်​ ဒါနဲ့ ဘာဖြစ်​လို့ ၁၃ ရက်​​နေ့ကို​အ​ဖြေ​တောင်းတာလဲ သိလား။သိမှာလည်းမဟုတ်​ပါဘူး bobohu လိုညဏ်​​ကောင်းကြမှာလည်းမဟုတ်​။ ​နောက်​မှ​ပြောပြမယ်​သိလား။အခု​တော့ အချစ်​​နောက်​အ​ပြေး​လေးလိုက်​ ရအုန်းမယ်​ pai pai ​ယော​ရော်​ဘွန်း။

-  -   -   -   -  -  -   -   -   - @  -   -   -   -    -  -    -    -    - 

Drama အတွက်​လိုအပ်​သည်​များ ​ဆွေး​နွေးကြမည်​ဖြစ်​သဖြင့်​ ပါဝင်​မည့်​အဓိက ဇာတ်​​ဆောင်​များ​ရောက်​​နေကြသည်​။ ရိုက်​ကူးမယ့်​ ဇာတ်​လမ်းအကျဉ်းချုပ်​မှာ  Chanyeol နဲ့ Junnyတို့မှာ ငယ်​စဉ်​ကတည်းက ငယ်​သူငယ်​ချင်း။ Chanyeol က Baekhyun အ​ဖေ၏ ​မွေးစားသား။ Chanyeol နှင့်​ Junny တို့၏ ငယ်​သံ​ယောစဉ်​ကိုအ​ခြေခံကာ ကြီးပြင်းလာကြ​သောအခါ မာယာလှည့်​ကွက်​​တွေနဲ့ ကြုံ​တွေ့ကြရသည့်​ ပုံစံပင်​ဖြစ်​သည်​။

Dreams(Completed)Kde žijí příběhy. Začni objevovat