The star in my sky,၈....

129 26 8
                                    

ဒီ​နေ့မနက်​ ကိုယ်​​တွေ့လိုက်​တယ်​ မင်းရဲ့သူမကို...

သူမက လှတယ်​ ​တော်​တယ်​ လင်းလက်​တဲ့ကြယ်​တစ်​ပွင့်​ ...
ကိုယ်​ခက်​ခက်​ခဲခဲ ၀န်​ခံမိတယ်​ သူမက မင်းနဲ့လိုက်​ပါတယ်​လို့ ..ကိုယ်​မငိုမိဘူးလို့ထင်​တယ်​ han..

သူမက ကံ​ကောင်းတယ်​ မင်းအပြုံး​တွေကိုမြင်​ခွင့့်​ရှိလို့...

သူမက ကံ​ကောင်းတယ်​ မင်းရဲ့မျက်​ရည်​​တွေကို သုတ်​​ပေးနိုင်​လိမ့်​မယ်​ထင်​လို့....

သူမက ကံ​ကောင်းတယ်​ မင်းရဲ့အနားမှာ​နေခွင့့်​ရှိလို့..

သူမက ကံအ​ကောင်းဆုံး မင်းအချစ်​ကိုရတဲ့သူဟာ
သူမတစ်​​ယောက်​ထဲဖြစ်​လို့...

မင်းရဲ့အရာအားလုံးကိုနှစ်​သက်​​ပေမယ့်​ မင်းရဲ့ နှလုံးသားဖြစ်​တဲ့ သူမကိုမနှစ်​သက်​နိုင်​တာ
ခွင့်​လွှတ်​ကွယ်​...

ကြေကွဲ​နေတဲ့ကိုယ့်​နှလုံးသား​လေး ကိုပြုပြင်​ပြီးရင်​​တော့....မင်းရဲ့သူမ ကို ...ကိုယ်​နှစ်​သက်​ဖို့
ကြိုးစားကြည့်​ပါ့မယ်​....

မင်းဘယ်​​တော့မှမသိနိုင်​​ပေမယ့်​ မင်းအတွက်​လို့
ရည်​စူးပြီး....
#H3A

The Star In My SkyWhere stories live. Discover now