The star in my sky,၃၅.....

37 10 0
                                    

ကိုယ့်​အဖြစ်​ချင်​ဆုံးဆန္ဒ​တွေထဲမှာ .....မင်းလေး အမြဲ​ပျော်​ရွှင်​နိုင်​​စေဖို့ ဆိုတဲ့ ....ဆန္ဒတစ်​ခုလည်းပါတယ်​။
ကိုယ်​မ​ပျော်​ရလည်း အဆင်​​ပြေတယ်​။ မင်း​လေး ​ပျော်​ရွှင်​ဖို့လိုတယ်​။

ကိုယ်​က ဘာ​ကောင်​မှ မဖြစ်​​သေးတဲ့အချိန်​မှာ ... မင်းက​တော့ကြယ်​တစ်​ပွင့်​​ပေါ့။
ဒါ​ပေမယ့်​ ​ကျေနပ်​တယ်​ ။ မင်း အတွက်​​ပျော်​တယ်​။

တစ်​​နေ့တာအတွင်း ဘယ်​​လောက်​ပဲစိတ်​ညစ်​စရာရှိ​နေပါ​စေ။ မင်းက​တော့ ​ပျော်​ရွှင်​​နေ​လောက်​ပါတယ်​ဆိုတဲ့ အ​တွေးနဲ့တင်​ ​နေရထိုင်​ရသက်​သာတယ်​။

တကယ်​​တော့ ကိုယ့်​ထက်​ ၈ နှစ်​​လောက်​ကြီးတဲ့လူကြီးကို ချစ်​စရာ​ကောင်းတယ်​လို့​ပြောရင်
ကြားရတာ ကသိက​အောက်​နိုင်​​ပေမယ့်​ မင်းကို ချစ်​ဖို့​ကောင်းတယ်​လို့ ​ပြောရတာ​ပျော်​တယ်​။

မင်းကို​ချောလိုက်​တာ ဒါမှမဟုတ်​ ​တော်​လိုက်​တာလို့ လူတစ်​​ယောက်​က ချီးကျူးရင်
အယ့်​တာ ကိုယ့်​ ရဲ့ Luhan , my luhan လို့ ​ပြောရတာကို​ကျေနပ်​တယ်​။

ယုံကြည်​လိုက်​ပါ luhan ---ကိုယ်​မင်းကိုနှစ်​သက်​ပါတယ်​ ဆိုတဲ့ အ​ကြောင်းထုတ်​​ပြောဖို့
ဘယ်​တုန်းကမှမရှက်​ခဲ့ဘူးသလို ဘယ်​သူ့​ရှေ့မှာပဲဖြစ်​ဖြစ်​ ​ပြောရဲခဲ့တယ်​။

''မင်းရဲ့​ရွေးချယ်​မှုတွေက မှားပါတယ်​ ။ မင်းရဲ့​​အောင်​မြင်မှုက ဘယ်​သူ့ကို မမှီပါဘူး။''
ဆိုတဲ့ စကား​တွေကြားရင်​လည်း ကိုယ်​ပြုံးမိတယ်​။

မင်းက လူသား​လေ baby ။ မင်းမှာ မင်းစိတ်​ကြိုက်​လုပ်​ပိုင်​ခွင့်​ရှိတယ်။ ​ရွေးချယ်​ခွင့်​ရှိတယ်​။
မင်းစိတ်​တိုင်းကျ ​ပျော်​ရွှင်​ခွင့်​ရှိတယ်​။ သိရဲ့လား ....မင်းကိုမြတ်​နိုးတဲ့လူသားတိုင်းက မင်းကို ​ပျော်​ရွှင်​​စေချင်​ကြတာပါပဲ။ အယ့်​​တော့ မှတ်​ထားပါ baby ...ကိုယ့်​အတွက်​က​တော့ "မင်း​ပျော်​ရွှင်​​နေရင်​ မင်း​ရဲ့ရွေးချယ်​မှုဆိုတာ ဘယ်​​တော့မှ မမှားဘူး။''

အောင်မြင်​မှု .??.တခြား ဘာနဲ့မှမတိုင်းတာနဲ့ baby
ခုချိန်​ထိ မင်း ​ဘေးမှာ ရှိ​နေ​​သေးတဲ့ မင်းရဲ့ Fan ​တွေနဲ့ပဲ ဆုံးဖြတ်​လိုက်​baby

ကိုယ်​တို့အားလုံး ရင်​ကွဲရတဲ့အ​ခြေအ​နေကို​ကျော်​ဖြတ်​ပြီးတာ​တောင်​မှ မင်း​ဘေးမှာရှိ​နေတုန်းပဲ​လေ။
စစ်​မှန်​​နေတုန်းပဲ​လေ။ မင်းကြို မတ်​နိုးကြတုန်းပဲ။ မင်းရဲ့သီချင်း​တွေကို နှလုံးသားနဲ့နား​ထောင်​ ကြတုန်းပဲ။ မင်းကိုချစ်​ကြတုန်းပဲ။ မက်​ကိုစိတ်​ပူ​ပေးကြတုန်းပဲ ။

ကိုယ့်​ထက်​ ၈ နှစ်​ကြီးတဲ​ကောင်​က​လေး​ရေ
အမြဲ​ပျော်​ရွှင်​​နေပါ​စေ။
မင်း​ပျော်​​ပျော်​ရွှင်​ရွှင်​ နဲ့ အသက်​ရှည်​ရှည်​​နေနိုင်​သွားဖို့ဆိုတာ
ကိုယ့်​ရဲ့​တောင်းဆုထဲက တစ်​ခုပါ။
ပျော်​ရွှင်​ပါ​စေ ....ကို​ချစ်​တဲ့ကြယ်​က​လေး။ ။

#H3A

( ​ရောက်​တက်​ရာရာ)





The Star In My SkyWhere stories live. Discover now