သူ ရောက်တာနှင့် ခြံတံခါးဝမှာ သူ့အဒေါ်ကို တွေ့လိုက်ရသည်။
" ငါ အထဲလိုက်ဝင်လို့မရဘူး "
နမ်ဂျွန်ခေါင်းညိတ်လိုက်သည်။ သူတို့အပန်းဖြေအိမ်ခြံဝန်းထဲမှာ အဖေ့လူတွေ အပြည့်။ ဒေါ်လေးနမ်ဂျူလို ဘာအတိုက်အခိုက်မှ မတတ်တဲ့သူက ဒီလူတွေကိုကျော်ပြီး အိမ်ထဲဝင်ဖို့ဆိုတာ တော်တော်ခက်လိမ့်မည်။ ပြီးတော့ အဖေလာစေချင်တာသူ့ကို။ ဒေါ်လေးကိုမဟုတ်တဲ့အတွက် အဖေ့လူတွေက ကျိန်းသေတားဆီးမှာပဲ။ သူ ဒေါ်လေးကို ထားပစ်ခဲ့ပြီး အထဲဝင်လာခဲ့သည်။
အိမ်ထဲကို မဟုတ်ဘဲ သူ့ ဦးတည်လိုက်တာက အိမ်အနောက်ဘက်က ဂိုဒေါင်ရှိရာသို့။ ရောက်ရောက်ချင်းပင် ကြမ်းပြင်ပေါ်မှာ မေ့မြောနေပြီး သွေးချင်းချင်းရဲအောင် အရိုက်ခံထားရသည့် ဒီလန်းကို မြင်လိုက်ရသည်။ ပြီးတော့ လက်နောက်ပစ်ကာ သတိအနေအထားဖြင့်ရပ်နေကြသည့် အဖေ့လူတွေ။
နမ်ဂျွန် ဟိုဟိုဒီဒီ ဝေ့ဝဲရှာဖွေလိုက်သည်။ ဆော့ဂျင်ရော .. ဆော့ဂျင်ဘယ်မှာလဲ ?
သူ ဝင်လာတာနှင့် သူ့အဖေက အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသော လူတစ်စုကို ခြံရံလျက် သူရှိရာကို လျှောက်လာသည်။
" ခေါ်လာခဲ့ "
အနောက်ကို လှည့်မကြည့်ဘဲ အမိန့်ပေးသံတစ်ခွန်းသာ ထွက်လာပေမယ့် အနီးမှ ကိုယ်ရံတော်တစ်ဦးက
နားလည်သဘောပေါက်စွာ အရိုအသေပေးပြီး လှည့်ထွက်သွားသည်။သူ့ကို ကြည့်နေသည့် အဖေ့မျက်ဝန်းထဲက လှောင်ရိပ်တွေက နွမ်းနယ်နေသည့်သူ့ကို ပို၍ ကြေမွအောင်လုပ်နေသလိုပင်။ သူ ဘာမှမပြောဘဲ ခပ်မတ်မတ်ရပ်နေလိုက်သည်။ လက်သီးကတော့ ကျစ်ကျစ်ဆုပ်ထားရလွန်းလို့ သွေးကြောတွေပြတ်ထွက်တော့မတတ်။
" သတ္တိသိပ်ကောင်းလွန်းတယ် "
ဘယ်အထိသိသွားသလဲမသိပေမယ့် အဖေ့အမူအရာအရ သူ လုပ်သမျှ အကုန်တောင် သိချင်သိနေနိုင်သည်။
أنت تقرأ
The Day without YOU (THE NAMJINIST) Z+U
القصة القصيرةမင်းနဲ့အတူသာဆို လျှောက်ရမယ့်လမ်းက ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးဝန်းရံလို့ ဒဏ်ရာပရဗွနဲ့ သွေးတစက်စက်ကျရလည်း ကိုယ် မမှုဘူး ...မင်းနဲ့အတူသာဆို လေထန်ပြီး မိုးသက်မုန်တိုင်းဘယ်လောက် ကြမ်းပါစေ ကိုယ် မတွန့်ဆုတ်ဘူး ... မင်းလက်ကိုသာ တ...
❤4❤
ابدأ من البداية