❤3❤

797 126 2
                                    

" နမ်​ဂျွန်​ ? "

နိုးလာချင်းချင်း ​ဘေးနားမှာ ဘယ်​သူမှ မရှိဘဲ လစ်​ဟာ​နေသဖြင့်​ ​ဆော့ဂျင်​ ကမန်းကတမ်း ထကာ ထိတ်​ထိတ်​ပျာပျာနဲ့  ​​ခေါ်လိုက်​မိသည်​။

အထိတ်​တလန့်​ပုံ​ပေါ်​နေတဲ့ ​ဆော့ဂျင်​ မျက်​နှာက ​ဖွေး​ဖျော့​နေပြီး ခုတင်​​ပေါ်က ကပျာကယာ​ဆင်းလိုက်​​တော့ ​စောင်​နဲ့ လုံး​ထွေးကာ ကြမ်းပြင်​​ပေါ် ဒုန်းခနဲ ပြုတ်​ကျသည်​။ ​ကိုယ်​မှာ ရစ်​ပတ်​​နေသည့်​ ​စောင်​ကို ဖယ်​ပြီး အပြင်​ထွက်​ဖို့ လုပ်​​နေတဲ့အချိန်​မှာ တံခါးဖွင့်​သံကြားလိုက်​ရပြီး စိုးရိမ်​တကြီးနဲ့ အ​မေးစကားသံ ထွက်​လာသည်​။

" ဘာဖြစ်​တာလဲ ​ဆော့ဂျင်​ ... ပြုတ်​ကျတာလား ?.. ဘယ်​နားနာသွား​သေးလဲ ? "

" ဟင့်​အင်း "

သူ ပြုံးရင်း ​ခေါင်းခါပြလိုက်​​ပြီး သူ့ကို လာတွဲသည့်​ နမ်​ဂျွန်​ကို ပြန်​၍ ဖက်​တွယ်​ထားလိုက်​သည်​။

" သတိထားမှ​ပေါ့ .. မ​တော်​တဆ နာသွားရင်​ ဘယ်​လိုလုပ်​မလဲ ? "

ကိုယ့်​အပြစ်​နှင့်​ကိုယ်​မို့ သူ ငြိမ်​​နေလိုက်​ရသည်​။ နမ်​ဂျွန်​က သူ့ကို ​ရေချိုးခန်းဘက်​ဆီ တွဲကာ ​လျှောက်​​ပေးရင်းက ...

" ဘာ​တွေအလျင်​လိုပြီး ရှပ်​ပြာရှပ်​ပြာလုပ်​လို့ ပြုတ်​ကျရတာလဲ ? "

" ဒီတိုင်း .... "

မ​ဖြေချင်​တာနဲ့ ​ဆော့ဂျင်​​ခေါင်းငုံ့ကာ နှုတ်​ဆိတ်​​နေလိုက်​​တော့ နမ်​ဂျွန်​ ဘာမှထပ်​မ​မေး​တော့။

" အာ ... မျက်​နှာ ကိုယ့်​ဘာသာ သစ်​လို့ရပါတယ်​ "

အတင်းမျက်​နှာသစ်​​ပေး​နေသည့်​ နမ်​ဂျွန်​​ကြောင့်​ ဆော့ဂျင်​ရုန်းကာ တစ်​ဖက်​ကို ​ပြေးကပ်​မိသည်​။

" ​​ချော်​လဲဦးမယ်​ "

" မလဲပါဘူး "

အဲဒါကို သွားကိုပါ သူတိုက်​​ပေးမယ်​လုပ်​​နေလို့ ​​ဆော့ဂျင်​ အသည်းအသန်​ငြင်းရသည်​။ နမ်​ဂျွန်​တစ်​​ယောက်​ တကယ်​ဘယ်​လိုဖြစ်​​နေတာလဲ ?

The Day without YOU (THE NAMJINIST) Z+UWhere stories live. Discover now