" ငါက သူ့ကို ထိခိုက်​​စေခဲ့ရင်​​ရော .... "

" အဲဒါဆိုရင်​​တော့ ကျွန်​​တော်​ ဘာလုပ်​မိမလဲမသိဘူး "

ဂင်​မ်​နမ်​​ချောလ်​ သည်းခံနိုင်​သည့်​ အတိုင်းအတာ ​ကျော်​လွန်​သွားသည်​။ ဝုန်းခနဲ ထရပ်​လိုက်​ပြီး မတ်​တပ်​ရပ်​​နေဆဲ နမ်​ဂျွန်​ကို ​ပစ်​ကန်​လိုက်​သည်​။ ဒူးညွှတ်​ကာ ပြုတ်​ကျသွားသည့်​ နမ်​ဂျွန်​က ပြန်​ထမလာဘဲ ဒူး​ထောက်​လျက်​ပင်​ ဆက်​၍ ​နေ​နေသည်​။

သူ ​ပြောသည့်​အတိုင်း ဘာအပြစ်​​ပေး​ပေး တကယ်​ခံယူမည့်​ပုံစံပင်​။ ​နောက်​ဆုံး အ​သေသတ်​လိုက်​လျှင်​​တောင်​ လက်​ခံမည်​ဆိုသည့်​ မျက်​နှာ​ပေးနှင့်​။

ကိုယ်​​မွေးတဲ့​မျောက်​က ကိုယ့်​ပြန်​​ခြောက်​ဆိုသလို ကိုယ့်​ သားက ကိုယ့်​ကို ပြန်​လှန်​ခြိမ်း​ခြောက်​​နေတာမျိုး လုံးဝ လက်​မခံနိုင်​။

" ငါလည်း မင်းကို ​ပြောခဲ့ပြီးသား နမ်​ဂျွန်​ ... မင်း ဘယ်​သူနဲ့တွဲတွဲ ဘယ်​သူနဲ့​နေ​နေ ငါ ဂရုမစိုက်​ဘူး ... ​အေး !. ဒါ​ပေမယ့်​ ငါ့ရဲ့ လမ်း​ကြောင်း တစ်​​နေရာရာမှာ ပိတ်​​နေတဲ့သူ ဖြစ်​ခဲ့ရင်​ ငါ အချိန်​မ​ရွေးရှင်းထုတ်​ပစ်​ဖို့ ဝန်​မ​လေးဘူး "

နမ်​ဂျွန်​ လက်​သီးကို တင်းခနဲ ဆုပ်​လိုက်​မိပြီး စူးရှ​နေ​သော မျက်​ဝန်းအစုံနဲ့ ဖျတ်​ခနဲ ​မော့ကြည့်​လိုက်​သည်​။

" ကျွန်​​တော်​လည်း ​အ​ဖေ့ကို ​ပြောပြီးသားပါ .. သူ့တစ်​​ယောက်​တည်းကိုသာ မထိခိုက်​ဘူးဆိုရင်​ ကျွန်​​တော့်​ အ​သွေးအသား​တွေ ခမ်း​ခြောက်​သွားပါ​စေ .. ​အ​ဖေခိုင်းသမျှ ကျွန်​​တော်​ အကုန်​လုပ်​​ပေးမယ်​ .. ဒါ​ပေမယ့်​ သူ့ရဲ့ ဆံချည်​တစ်​မျှင်​ထိပါးလာခဲ့ရင်​ ကျွန်​​တော်​ ဘယ်​သူ့ကိုမှ သည်းခံ​နေမှာမဟုတ်​ဘူး ... အဲဒီလူက အ​ဖေဖြစ်​​နေရင်​​တောင်​ ! "

ဒေါသက လူကို ​အ​မှောင်​ဖုံး​စေသည်​မှာ တကယ်​မှန်​သည်​။ နမ်​ဂျွန်​ရဲ့ စကားအဆုံး ထိန်းထားသည့်​ ​ဒေါသစိတ်​တို့က လွတ်​ထွက်​သွားပြီး အဝတ်ချိတ်တဲ့ တိုင်​မှာ ချိတ်​ထားသည့်​ ခါးပတ်​ကို ဆွဲယူကာ လွှဲရိုက်​ပစ်​လိုက်​သည်​။ နမ်​ဂျွန် သူ့​ကိုယ်​​ပေါ်ကို ရိုက်​ချက်​​တွေ တရစပ်​ကျ​ရောက်​လာ​ပေမယ့်​ သူ လက်​သီးတင်းတင်းဆုပ်​ရင်း အံကြိတ်​ကာ တင်းခံ​နေသည်​။

The Day without YOU (THE NAMJINIST) Z+UWhere stories live. Discover now