7.4K 488 24
                                    

ကိုယ်က လေ...ပဲ ကလေး...
ကိုယ့်ကိုဖမ်းဖို့ကြိုးစားတဲ့အခါ ဟိုးအဝေးကြီးကို လွင့်သွားမှာ...။

~~~~

ချန်းယောလ်ရဲ့မိသားစုက သာမန်မိသားစုမှာမှ လူသားဆန်နွေးထွေးတဲ့မိသားစု…။
အဖေက အလတ်စားကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာ…
အမေက အထက်တန်းပြဆရာမ…
အစ်မက ပန်းအလှပြင်ဆိုင်ဖွင့်ထားတယ်…။
ညနေစာကို အမြဲလူစုံမှစားပြီး…တီဗီအတူတူကြည့်တာမျိုးက တစ်ပတ်မှာ သုံးရက်လောက်ရှိတယ်…။
တစ်နှစ်တစ်ခါ မိသားစုလိုက်ခရီးသွားလေ့ရှိသည်…။
ချန်းယောလ်အဖေရော အမေရောက ပွင့်လင်းတဲ့ဆက်ဆံရေးရှိပြီး သားသမီးတွေရဲ့ လူမှုရေးက အချစ်ရေးအဆုံး ဝါသနာကိုပါမကျန် ထိန်းချုပ်တာမျိုးမရှိသလို လျစ်လျူရှုတာမျိုးလည်းမဟုတ်ဘူး…။

အဲ့ဒါကြောင့် သူငယ်ချင်းတော်တော်များများက ချန်းယောလ်ကိုဆို အမြဲ အားကျလေ့ရှိကြတယ်…။အစ်မချောချောရထားတာလဲ တစ်ထောင့်တစ်နေရာက ပါဝင်ကောင်းပါဝင်နိုင်တာပေါ့လေ…။

စိတ်ညစ်စရာဆိုတာက အထက်တန်းနောက်ဆုံးနှစ်တုန်းက မွေးနေ့လက်ဆောင်ရထားတဲ့ ခွေးလေးသေသွားတုန်းကနဲ့…လပတ်စာမေးပွဲတစ်ခါကျလို့ ငိုရတာကလွဲပြီး မှတ်မှတ်ရရသိပ်မရှိဖူးဘူး…။
စိတ်ဒဏ်ရာတို့ depression တို့ဆိုတာ သူများတွေပြောပြောနေလို့သာ လောကကြီးထဲမှာ ရှိတဲ့အရာတွေပါလားလို့ သူလက်ခံထားတာ…။

သူ့ရဲ့လက်စွဲဆောင်ပုဒ်က 'ပျော်ပျော်နေသေခဲ'တဲ့…။
ချစ်စနိုးနာမည်က Happy Virus ဖြစ်ရတဲ့အကြောင်းကိုတော့ အကျယ်ချဲ့စရာမလိုတော့ဘူးထင်ပါရဲ့…။

~~~~~

ခရစ်အကြောင်းက စာကြောင်းတစ်ကြောင်းထဲနဲ့ လုံလောက်တယ်…။
သူက စိတ်မလိုရင် ပြာနေတဲ့ကောင်းကင်ကိုတောင် ထိုင်ဆဲနေတတ်တဲ့လူပဲ…။

သူ့မှာလက်စွဲဆောင်ပုဒ်တော့မရှိဘူး…။ဒါပေမယ့် သူစိတ်ပါရင်ပြောလေ့ရှိတာက 'follow your heart'

~~~~~~~

ဘုရားစူးရပါစေရဲ့…။အသက်(၂၀)သာပြည့်ပြီး သုံးနှစ်ကိုကျော်လာတယ်…။ချန်းယောလ် တစ်ခါမှ ကလပ်ဆိုတာကို မရောက်ဖူးဘူး…။
ဒါပေမယ့် ချန်းယောလ်လက်ရှိပေါင်းနေတဲ့ သူငယ်ချင်းတွေကအဲ့လောက်မရိုးသားဘူး…။
အဲ့ထဲက အိုဆယ်ဟွန်းဆိုတဲ့ ကောင်လေးက ပိုဆိုးတယ်…။
သူကို သိသာထင်ရှားအောင် ပြောရမယ်ဆို 'မလည်ရှုပ်'လို့ ပြောပါရစေ…။
ခုလဲမွေးနေ့ကို အကြောင်းပြပြီး မလာမနေရ ခေါ်လိုက်တာက ဒင်းပဲ…။
ချန်းယောလ်က တခြားလူတွေလို့တော့ မိဘကို လိမ်စရာမလိုပါဘူး…။
တစ်ခုပဲ အမေက မှာလိုက်တယ် 'ကိုယ်ဖြေရှင်းနိုင်သလောက်ပဲ အမှားလုပ်ပါ'တဲ့…။

Darling~Where stories live. Discover now