"ကလေးကလဲ..ကိုယ်သေချာကြည့်ပါတယ်နော်
ကိုယ်ရော..ကလေးရော..
အသားဖြူကြတော့..ခရမ်းပုတ်နဲ့က..
နှစ်ယောက်လုံးလိုက်တယ်လေ...
ပြီးတော့..ကလေးသဘော..ရွေးချယ်ခိုင်းတာလဲ
ချစ်လို့..အရာရာ..ဦးစားပေးတဲ့..
သဘောပါနော်..
မချစ်ရင်..ကိုယ့်ဟာကို..တစ်ယောက်တည်း
ကြိတ်ဝယ်လာပြီး..
လက်ထပ်မယ့်နေ့ကျမှ..ထုတ်ပေးမယ်..
ရော့..အင့်..ဒါငါဝယ်လာတာ..
မင်းဝတ်ချင်ဝတ်..မ၀တ်ချင်နေဆိုပြီး..
ပြီးပြီးရော..ပစ်ပေးမှာပေါ့..လို့.."

ငင့်...!

ကျွန်တော့်ကို..ချော့ပြောနေတာလား..။
ကျွန်တော်..တမင်သက်သက်ဘုတောနေလို့..
ရွဲ့ပြောလိုက်တာလား..
တစ်ကယ်မသဲကွဲအောင်ကို..
စကားတတ်လွန်းသည့်..စုံစမ်းရေးမှူးကြီး
ကြောင့်..ကျွန်တော်လဲ..ပါးစပ်ကလေး
အသာပိတ်ကာ..
ရွေးထားသည့် ...၀တ်စုံက..လိုက်ဖက်မှု
ရှိမရှိသာ...ပြန်လည်ဆန်းစစ်ကြည့်နေလိုက်
သည်..။

ဟုတ်တော့လဲ..ဟုတ်ပါတယ်..။
ဆိုင်ထဲ..၀င်လာကတည်းက..
ကျွန်တော်က.. ဟိုဟာကောင်းလား
ဒီဟာကောင်းလား..မေးလာခဲ့သမျှ..
သေချာလေး..ကြည့်ပေးခဲ့တာကိုပဲ..။
ကျွန်တော်က..ကိုယ့်ဟာကိုယ် စိတ်အလိုမကျပဲ
သွားဘုတောမိလိုက်တာ..။

ဘေးနားက..Sehunee ကတော့..
ကျွန်တော်..မသိမသာ..အဆော်ခံရတာကို..
ခွိခနဲ..ရယ်နေလေရဲ့...။

ပြောတော့..၀တ်စုံကူရွေးပေးဖို့..လိုက်လာခဲ့တာပါတဲ့..။

ကျွန်တော်တွေ့တာကတော့..အိမ်ကထွက်လာကတည်းက..
ကျွန်တော်နဲ့ ..arjussi နဲ့..ချစ်ကြည်နူး
တစ်တီတူးလုပ်နေကြရင်..
သူက..နှုတ်ခမ်းလေးအသာမဲ့..
မျက်ခုံးလေးပင့်ပြီး...အဟင်းအဟင်း..
ဆိုတဲ့..ရုပ်နဲ့..ကြည့်နေမယ်..ဆိုတာကြီးပဲ..။

ခုထိ..အထောက်အကူပြုစရာ..ဘာမှ..
မလုပ်ပေးသေးဘူး...။

ခုလဲ...ကျွန်တော့်အတွက်..၀တ်စုံကူရွေးပေးနေတာလား..
သူနဲ့ Lu Han hyung မင်္ဂလာဆောင်ရင်
ဝတ်ဖို့အတွက်...၀တ်စုံကြိုရှာနေတာလား
မသိ..။
သူသဘောကျတာတွေ့ရင်..ကိုင်ကိုင်ကြည့်ပြီး
ပြုံးနေတာများ..
ခြေထောက်ကို..တက်နင်းပစ်လိုက်ချင်စရာ
လေး..။

မေတ္တာကို..တုံးတယ်..တစ်ကယ်...။

လက်ထဲမှာ..ကိုင်ထားတဲ့...ခရမ်းပုတ်ရောင်ကလဲ..သေချာကြည့်တော့မှ..မလိုက်သလို..
ဖြစ်နေတာကြောင့်..ချိတ်မှာ..ပြန်ချိတ်လိုက်ပြီး
နောက်တစ်စုံရှာဖို့ရန်အတွက်..
ဟိုကြည့်ဒီကြည့်ကြည့်ရပြန်သည်...။

Arjussi Saranghae ! [ Completed ]Where stories live. Discover now