Ep.20

11.1K 821 93
                                    

"အဲ့ဒါဆို...Ms.Jung က
ဟောဒီဘက်က Ms.Jung ရဲ့ တူမကို...
တရုတ် မယားအဖြစ် ရောင်းစားခဲ့တယ်ဆိုတဲ့
ကျွန်တော့်ရဲ့ ..စွဲချက်ကို..အဲ့ဒီဘက်ကရှေ့နေက..ငြင်းတယ်ပေါ့နော်.."

"ခိုင်လုံတဲ့..သက်သေမှ..မရှိပဲ..."

"ဟုတ်ပါပြီဗျာ..ခဏလောက်တော့..စောင့်...
တရားသူကြီးမင်းခင်ဗျား...
ကျွန်တော် ရှာဖွေထားတဲ့..ကျန်ရှိတဲ့..
သက်သေတွေကို..တင်ပြပါရစေ...."

ပြိုင်ဘက်ရှေ့နေနှင့်..မျက်နှာ ချင်းဆိုင်စကား
ပြောလို့အပြီး....
အခန်းရဲ့...ဘယ်ဘက်ထောင့်က..
သူ့နေရာ မှာ..စာရွက်စာတမ်းတွေ..
စုတင်ထားတဲ့..အထဲ..
တစ်စုံတစ်ခုသော..စာရွက်ကို...
သွားရောက်ရှာဖွေနေသော...
ကျွန်တော့်...လူကြီး....။

မကြာသေးမီကမှ...ရာထူးတိုးသွားတာမို့...
စုံစမ်းရေးမှူးဆိုသည့်ဝတ်စုံယူနီဖောင်းတစ်ခုနှင့်
ခန့်ညားနေပြန်သည်...။

"ဟောဒီမှာပါ...တရားသူကြီးမင်းခင်ဗျား..
အဲ့ဒီဘက်က...
တရားပြိုင် Ms.Jung ဟာ
ပတ်ဝန်းကျင်မှာ..တရားလို..Lee Eun Byul ရဲ့...အဒေါ်အရင်းပါလို့....လူသိရှင်ကြား
ထုတ်ပြန်ကြေငြာထားပေမယ့်လို့..
ကျွန်တော်သေချာ..စုံစမ်းလိုက်တဲ့..အခါကျ
တော့...လူတွေသိထားသလို..
Ms.Jung ဟာ...Lee Eun Byul shi အမေရဲ့...
ညီမမဟုတ်ပါဘူး...
ပြီးတော့...Lee Eun Byul ရဲ့..အမေမှာ...
မွေးချင်းတစ်ယောက်မှကို...မရှိခဲ့ပါဘူး...
အဲ့တာနဲ့..ကျွန်တော်ဆက်လက်စုံစမ်းလိုက်တဲ့
အခါမှာကျတော့...မွေးခါစ အရွယ်ကတည်းက
အဖေနဲ့..အမေဆုံးသွားရှာတဲ့...
Eun Byul shi ကို...
ဘေးအိမ်က..Ms.Jung က မွေးစားခဲ့ပြီး...
seoul ကို..ပြောင်းရွှေ့လာခဲ့တာပါ ဆိုတဲ့..
အချက်ကို..Ms.Jung နေထိုင်ခဲ့ရာ..
အူဆန်နားက..ရွာငယ်ကလေးမှာ...
ကျွန်တော်..စုံစမ်းလို့ရခဲ့ပါတယ်...
ဒါက...အဲ့ဒီ ရွာက..Ms.Jung ကို သိတဲ့..
လူတွေရဲ့..ဖြေဆိုချက်..recording..တိတ်ခွေ
လေးပါ.."

အခန်းအလယ်တည့်တည့်က..တရားသူကြီးမင်းထံ...တိတ်ခွေလေး..တစ်ခွေကို..
ရိုသေစွာ..ပေးနေသော..သူရယ်...။
သူပေးသည့်..တိတ်ခွေကို..လှမ်းယူနေသော..
တရားသူကြီးမင်းရယ်....။

သူတို့နှစ်ယောက်ရဲ့..လှုပ်ရှားမှုကလွဲ လို့...
ကျန်သည့်..လူများ..အားလုံးတိတ်ဆိတ်နေကြသည်....။

Arjussi Saranghae ! [ Completed ]Where stories live. Discover now