Zawgyi
"hyung..သွားတော့လေ..ဟိုမှာ hyung arjushi ကြီး တစ်ယောက်တည်း ပြေးနေပြီ.."
"ဟို ဘဲရော..?"
"မသိဘူး...ဟိုဘက်ထွက်သွားတာတော့ တွေ့တယ်.."
"ဟုတ်ပြီ..သူပြန်လာရင် နည်းနည်းပါးပါးအချိန်ဆွဲထား.."
"အမ်..? သူနဲ့ ကျွန်တော်က သိမှ မသိပဲ...
ဟာ..hyung...! သွားချင်ပြန်တော့လဲ ချက်ချင်းကြီးဗျာ..အကြံဥာဏ်လေး ဘာလေးပေးသွားဦးလေ...!!!"တစ်ယောက်တည်း ဗျာများကာ ကျန်ရစ်ခဲ့သည့်
Sehunee ကို အရေးမစိုက်နိုင်ပဲ
ကျွန်တော့်ခြေလှမ်းတွေကို ဖြည်းဖြည်းမှန်မှန်လေး ပြေးရင်း ဦးတည် လိုက်သည်က
ဟိုးအရှေ့နားက ရေကန်လေးရှေ့မှာ
လေ့ကျင့်ခန်းလုပ်နေသည့်
ကျွန်တော့်ရဲ့ Park Chanyeol arjushi ရှိရာဆီ..။ပုံမှန်ဆို..ဒီလို မနက်ခင်း စောစောစီးစီး ထပြေးဖို့ဆိုတာ ဝေးစွ...။
ခုလို မနက် ၆ နာရီခွဲ ဆိုတာ ကျွန်တော်
Byun Baekhyun အတွက်တော့ အိပ်ရာထဲမှာ မျက်လုံးနှစ်လုံးကို စုံမှိတ်ပြီး
အိပ်စက်အနားယူလို့ အကောင်းဆုံး ဖြစ်နေဆဲ အချိန်...။
သို့ပေမယ့်လဲ အချစ်ကို တွေ့ရှိပြီး သကာလမှာတော့ အိပ်စက်အနားယူတဲ့ အချိန်လေးတွေကို ဖဲ့ပြီး
အချစ်ပေါင်းကူးတံတားလေးတစ်စင်းဖြစ်လာဖို့ ကြိုးစားရသည်လေ...။"ဟာ...arjushi...! exercise လုပ်နေတာလား..."
"အယ်..Baekhyunee ပါလား..?
ဘယ်က ဘယ်လိုရောက်လာ...""ကျွန်တော့်ညီလေးနဲ့ တူတူ ထပြေးရင်း arjushi ကို တွေ့တော့လေ..လာနှုတ်ဆက်တာ.."
အမှန်တော့..arjushiရယ်..။
ခင်ဗျား မနက်တိုင်း ထပြေးလေ့ရှိတယ် ဆိုတာ
omma ပြောပြလို့
Sehunee ကို အပူကပ်ပြီး မနက်လေးနာရီကတည်းက ခင်ဗျား အိမ်ရှေ့မှာ လာချောင်းနေခဲ့တာ...။
ခင်ဗျားနဲ့ Zi Tao အိမ် က ထွက်လာတည်းက
ဒီရောက်တဲ့ အထိ
အနောက်က တစ်ကောက်ကောက်လိုက်လာတယ် ဆိုတာ
မသိလေရော့သလား...။
အင်းလေ..ဘယ်သိပါ့မလဲ..အနောက်ကို တစ်ချက်မှတောင် လှည့်မကြည့်တာကို..။"arjushiကလေ..အစင်းသုံးကြောင်း ဘောင်းဘီနဲ့တောင် ကြည့်ကောင်းတုန်းပဲနော်.."