တစ်နေကုန် ကျောင်းတက်ရပြီး..
ညောင်းညာကိုက်ခဲသမျှတွေကို ဖြေလျော့ရန်အတွက်...
ဒီကနေ့မှာတော့...Fanfan ရဲ့..ဆွဲဆောင်ရာနောက်ကို..မငြင်းဆန်ပဲ လိုက်ပါခဲ့လိုက်မိသည်....။အဲ့တော့ကာ..အခု..Fanfan ..သွားနေကျ..
Bee ဆိုသည့်..မိသားစုအနှိပ်ခန်းလေးမှာ..
ရောက်နေသည်ပေါ့...။
ပုံမှန်ဆို..Fanfanဘယ်လောက်ချောဆွဲချောဆွဲ
မလိုက်ပေမယ့်...ဒီနေ့ကတော့..
မနက်၉နာရီကတည်းက..နေ့လည်၂နာရီ
လောက်အထိ..နာရီဝက်လောက်သာ..
အနားရပြီး..ဘာမှန်းမသိတဲ့စာတွေကို..
သင်ခဲ့ရသည်လေ...။
အဲ့တာကြောင့်မို့...ဒီနေ့တစ်ရက်တော့..
အညောင်းအညာဖြေချင်မိသည်...။"Sehuneeလေးရော..သူ့Han လေးနဲ့
အခြေအနေဘယ်လိုရှိလဲ...""ဘာမှမတိုးတက်ပါဘူး..Fanfanရာ..
ဒီကောင်က..ကျွန်တော်တို့ကိုသာ.ဗိုလ်ကျနေ
တာ..Luhan hyung ရှေ့ရောက်ရင်..
ဆွံ့အနားမကြားတဲ့ လူလို ဖြစ်သွားတာ..
ဘာမှ..မလုပ်တတ်မကိုင်တတ်ဘူး..."Fanfan ဆိုသည်မှာ...
ကျွန်တော်တို့တစ်တွေရဲ့..နှလုံးသားရေးရာကိစ္စတွေကို..အမြဲတစ်စေ..စူးစမ်းမေးမြန်းကာ..
အားပေးကူညီလေ့ရှိသည့် လူတစ်ယောက်
ဖြစ်သည့်အလျောက်...။
သူ့ခမျာ..ကျွန်တော်နဲ့..ကျွန်တော့်လူကြီးနီးစပ်
အောင်..အကြံဥာဏ်ပေးရသလို...။
တစ်မိုးအောက် တစ်ယောက်..အချေကိုယ်တော်..
ကျွန်တော့်ညီ ..Sehun ရဲ့ နှလုံးသားရေးရာ..
ကိုလည်း..သူ့ခမျာ..ကြည့်ရှုစောင့်ရှောက်ရသေးသည်...။Oh Sehun ဆိုသည့် သကောင့်သားဆိုသည်မှာလဲ...
အများအမြင်မှာကျ..ဆိုဒ်ကြီးဂိုက်ကြီးနေပြီး..
ကျောင်းရဲ့..အချောအလှစာရင်းထဲမှာ..
ထိပ်ဆုံးကပါပေမယ့်...ဘယ်ဘ၀က..
ကံပါလာလို့လဲတော့မသိ...။
သူတို့မေဂျာက..ရေခဲတုံးလို့နာမည်ကြီးသည့်..
အေးတိအေးစက်နဲ့..စာကလွဲရင် ဘာမှ စိတ်မ၀င်စားပါသော..
Luhan ဆိုသည့်..senior အစ်ကိုကြီးကိုမှ..
ချစ်မိပါသည်တဲ့.....။အဲ့ကျတော့..ချေတာကလွဲရင်..တစ်ခြားဘာမှ..
မယ်မယ်ရရမလုပ်တတ်တဲ့..ကျွန်တော့်ညီလေးရဲ့..အားကိုးရာက..ကျွန်တော်နဲ့..Fanfan..
အပေါ်မှာသာ..ဖြစ်တည်လာခဲ့သည်လေ...။သို့ပေမယ့်လို့..ဒီနေ့ဒီအချိန်ထိ..
Oh Sehun တစ်ယောက်..ရေခဲတုံးကြီးကို.
မဖြိုချနိုင်သေးပေ...။
ထို့ကြောင့်..ကျွန်တော်ကပဲ..မချင့်မရဲဖြစ်စွာ..
Fanfanကို..အစီရင်ခံတင်ပြနေရသည်လေ...။