Ep 4 ( Part 2 )

13.2K 1.1K 37
                                    

Zawgyi

"arjushi...!"

"အာ..အနွေးထည်ကို သေချာ ၀တ်ဦးလေ..အေးကအေးနဲ့..."

သူနဲ့ ဖုန်းပြောအပြီး ဗီရိုထဲက တွေ့ကရာ အနွေးထည် တစ်ထည် ကောက်စွပ်လာပေမယ့် အိမ်ရှေ့ရောက်တဲ့ အထိ ကို အနွေးထည်ဝတ်ခြင်းကိစ္စမပြီးသေးသည့် ကျွန်တော်...။
အကျီင်္တစ်ဖက်က လည်ပင်းနေရာကနေ လျှောကျနေသည်...။

"appa တို့ omma တို့ကို ဘယ်လိုပြောခဲ့လဲ..?"

"နိုး..appa ရော omma ရော မရှိဘူးလေ..
မနက်ကတည်းက ဘူချွန်းသွားကြတယ်..
arjushi မသိဘူးလားလို့...ပြောတော့ သူငယ်ချင်းတွေဆို..ကိုယ့်သူငယ်ချင်းတွေ ဘယ်သွားလဲတောင်မ သိဘူး.."

"အော်..ဟူတ်ပါပြီပိစိရယ်..နောက်ဆို ခင်ဗျားလေး မိဘတွေ ဘယ်သွားသွား ကျွန်တော် လိုက်မေးထားပါ့မယ်နော်..
တစ်ကတည်းမှ..ခုတလောကိုယ့်ဟာကိုယ် အလုပ်တွေသေအောင် ရှုပ်နေလို့..ဘယ်သူနဲ့မှ မဆက်သွယ်ဖြစ်ရတဲ့ အထဲ.."

ဒီရက်ပိုင်း အလုပ်တွေ ရှုပ်ပြီး ဘယ်သူနဲ့မှ လဲ မဆက်သွယ်ဖြစ်ပါဘူးလို့ ပြောနေတဲ့ လူကြီးက
ညကြီးသန်းခေါင် အချိန်ကြီးမှာ
ကျွန်တော့် အိမ်အောက်ထိရောက်လာပြီး
ဒရမ်မာ ကားတွေထဲက မင်းသားတွေလို
မုန့်ဝယ်ကျွေးချင်လို့ ဆိုကာ
suprise လာလုပ်တာက
ဘာကြောင့်များပါလိမ့်လို့
အလွန့်အလွန်ကို သိချင်စိတ်တွေ ပြင်းပြသွားတဲ့
ကျွန်တော် Byun Baekhyun..။

အနွေးအကျီင်္လေးကို ညီညာအောင် ညှိရင်းနဲ့ပဲ
အရှေ့ကနေ ခြေလှမ်းကျဲ ကြီးတွေနဲ့
လျှောက်နေတဲ့ arjushi နောက်ကိုသာ
ကောက်ကောက်ပါအောင် လိုက်လာခဲ့တော့သည်..။

"arjushi..Tao hyung ရော.."

"စားနေသောက်နေလေရဲ့.."

"ဟယ်..အဲ့ဆို..နှုတ်ဆက်ပွဲက မပြီးသေးဘူးပေါ့..အာ့ကို arjushi က ဘာလို့ထွက်လာ.."

"အော်..ဒီက..သူများ တွေ့ချင်မလားဆိုပြီး နေ့မကူးခင်လေး အမှီ မျက်နှာ လာပြတာကို..စကားတွေ များလိုက်တာ.."

"ဗျာ...? "

ကျွန်တော့်ထက် အသက်တစ်ဝက်လောက်ကြီးသည့် သည်လူကြီးဟာ ငယ်ရာကနေကြီးလာသူပီပီ ကျွန်တော့်ဗိုက်ထဲ အူ ဘယ်လိုဘယ်ပုံခွေနေသည်ကအစ သိနေသည် ထင်ရဲ့....။
ကျွန်တော့်စိတ်ထဲ ဘာတွေ ရှိနေမှန်း အတပ်သိနေပုံ ရသည့် လူကြီးဟာ
ဆိုလိုရင်းပေါင်း မြောက်များစွာ အဓိပ္ပါယ် ထွက်နေသည့် စကားလုံးများကို ပြောချလာသောအခါ..
အီလည်လည်ကြီးနဲ့ အနွေးထည် အောက်နားစကို အလုပ်မရှိ အလုပ်ရှာ ဆွဲချကာ
မသိချင်ယောင်ဆောင်ရသူက
ကျွန်တော်ဖြစ်သွားသည်...။

Arjussi Saranghae ! [ Completed ]Where stories live. Discover now