...19...

20.5K 1.8K 98
                                    

"မှိုင်​လှချည်​လား??ဘာ​တွေဖြစ်​​နေတာလဲ..."

အနားတိုးကပ်​ထိုင်​ပြီး အ​မေးစကားပြုလာတဲ့ Kyungကို ကျ​နော်​ ခပ်​သာသာပြုံးပြလိုက်​ပြီး မလှမ်းမကမ်းမှာ တီးလုံး​တွေကြား ​ပျော်​မြူး​နေတဲ့Yeolကို လှမ်းကြည့်​လိုက်​မိတယ်​...။

အခု​ရောက်​​နေတဲ့​နေရာက Sehunပိုင်​တဲ့ club..တိတိကျကျ ​ပြောရရင်​ အထက်​တန်း​ကျောင်းသားဘဝတုန်းက ညကြီးမိုးချုပ်​ Yeol​လေး ကျ​နော့်​ကို ​ခေါ်လာခဲ့တဲ့club..။

DJသမားနဲ့အတူတူ တီးလုံး​တွေဖန်​တီးပြီး တစ်​ခါတစ်​ခါ လက်​တစ်​ဖက်​ကို ​လေ​ပေါ်​ထောင်​လိုက်​ တပ်​ထားတဲ့ headphoneကို နားနဲ့ဖိကပ်​လိုက်​..စက်​က ခလုတ်​တစ်​ချို့ကို နှိပ်​လိုက်​လုပ်​ပြီး လူငယ်​ဆန်​ဆန်​​ပျော်​မြူး​နေတဲ့ Yeolကို ကျ​နော်​ ခပ်​​တွေ​တွေ​ငေးကြည့်​​နေမိတယ်​...။

ခန့်​ငြားရက်​လွန်းပါဘိ...

Dancing Floorထဲက နှုတ်​ခမ်းနီမ​လေးတချို့ကလည်း စင်​မြင့်​ထက်​က ကျ​နော့်​​ကောင်​​လေးကို အားပါးတရငမ်း​နေကြလို့...

အဲ့လိုမြင်​ကွင်းက​တော့ ကျ​နော့်​ကို ခံစားချက်​နှစ်​မျိုးဖြစ်​​စေတာအမှန်​...။

ပထမခံစားချက်​က ကျ​နော့်​​ကောင်​​လေးကို လိုချင်​မျက်​စိနဲ့ ကြည့်​​နေကြလို့ ခံပြင်းတာ...
ဒုတိယခံစားချက်​က သူတို့လိုချင်​တဲ့ ​ကောင်​​လေးက ကျ​နော့်​ကို ဖူးဖူးမှုတ်​ချစ်​ပြီး ကျန်​တဲ့သူကို မျက်​လုံးထဲမမြင်​လို့ သူ့ချစ်​သူအ​နေနဲ့ ဂုဏ်​တက်​မိတဲ့ ခံစားချက်​...

"Huk..."

အ​တွေးတချို့​ကြောင့်​ ခပ်​တိုးတိုးရယ်​မိ​တော့ musicသံ​တွေကြား အချိုးကျကျက​နေတဲ့ Kaiကို ပြုံးကြည့်​​နေတဲ့ KyungSooအကြည့်​က ကျ​နော့်​ဆီ ​ရောက်​လာပြီး...

"ဘာလို့ရယ်​တာလဲ??Baek...မင်း ဘာဖြစ်​​နေတာလဲ?မလိုက်​စဖူး club​တွေဘာ​တွေလိုက်​လို့လိုက်​နဲ့...ဘာဖြစ်​​နေတာလဲ?"

တစ်​ခါမှclubကို မလိုက်​ဖူးတဲ့ကျ​နော့်​ကို Kyungက အထူးအဆန်းအ​နေနဲ့ ​မေးလာတယ်​...။

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now