Story ❇13❇

2.5K 370 103
                                    

Yuzu . . .

ကျွန်တော်ပြန်မတွေးချင်သည့် အတိတ်နေ့ရက်များသည် သူမနှင့်ဆုံတွေ့ခဲ့ပြီးသည့် နောက်ပိုင်းမှစ၍ အဆုံးမရှိသော အိပ်မက်ဆိုးများသဖွယ် ကျွန်တော့်နောက်သို့လိုက်ပါခြောက်လှန်စေခဲ့သူ ။

မည်သူနှင့်ပဲဖြစ်ဖြစ်ရင်းနှီးကျွမ်းဝင်ဖို့ ပေါင်းကူးတံတားထိုးရာတွင်ကျွမ်းကျင်သောသူမ၏ လေပြေတစ်ခုသဖွယ်ကျွန်တော့်ဘဝအတွင်းတစိမ့်စိမ့်တိုက်ခတ်ဝင်ရောက်လာခဲ့သည် ။ အခြေအနေတို့မုန်တိုင်းအသွင်မပြောင်းခင်အထိ လွန်လွန်ကျူးကျူးချဉ်းနင်းသော သူမ၏ခြေလှမ်းများကိုတားမြစ်ဖို့ ကျွန်တော်သံသယမဝင်နိုင်ခဲ့သေး ။

ကျွန်တော့် စာရေးစားပွဲခုံထဲ . . ရောက်ရှိနေတတ်သည့် အရိုးခေါင်းပုံချောကလက်အပိုင်းအစများ ။ Locker ထဲတွင်နေရာယူထားတတ်သည့် စိတ္တဇဆန်သောဖွင့်ဟဝန်ခံခြင်းများကို သွေးအလူးလူးဖြင့်ရေးထိုးထားသည့်စာရွက်များ ။

ကျွန်တော့်မွေးနေ့တွင် ကျွန်တော်မွေးထားသည့်ကြောင်ကလေးနှင့်ပုံစံတူအရွယ်တူကြောင်ရုပ်ကလေးကို ဗိုက်ဖွင့်လျက်ပို့လာသည့် ပါဆယ်ထုပ် ။

ကျွန်တော်သွားသည့်နေရာများ ကျွန်တော်တွေ့ဆုံခဲ့သည့်လူများအကြောင်းစာရင်းပြုစုထားသည့်စာများက မကြာခဏကျွန်တော့်လွယ်အိတ်ထဲသို့ရောက်နေတတ်ခဲ့ပြီး ။

လက်သည်တရားခံက သူမဟုကိုယ်တိုင်ဝန်ခံသည့်တိုင်ကျွန်တော်မယုံချင်ခဲ့ ။

ကျောင်းသားများသာပါဝင်သည့် SNS group များထဲတွင်ပျံ့နှံ့သွားအောင် အထင်လွဲစရာရှုထောင့်မှရိုက်ယူထားသည့် ဖြတ်ညှပ်ကပ်ပုံများကိုလည်းသူမဖြန့်ဝေတတ်သေးသည် ။

အမျိုးမျိုးအဖုံဖုံသော သူမဖန်တီးခဲ့သည့်ယုံတမ်းပုံပြင်များတွင် ကျွန်တော်က ယုန်ကလေးသဖွယ်ဖြူ စင်သောသူမကိုလှည့်ဖျားခဲ့သည့် ဗီလိန်ဇာတ်ကောင်တစ်ကောင်လည်းဖြစ်ခဲ့ဖူးသေးကာ ။

လူတိုင်းကိုလိုက်ရှင်းပြဖို့မလွယ်သည့် ကိစ္စတချို့က လူမှုကွန်ယက်မှစာတစ်ကြောင်းဖြင့် တောမီးပမာလည်းပျံ့နှံ့တတ်သေးပြီး မကျူးလွန်ဖူးသည့်အမှုဖြင့် လူယုတ်မာအမည်တပ်ခံရသော ထိုကိစ္စကတော့ကျွန်တော့်အတွက်ဒီအတိုင်းကျော်ချသွားဖို့မလွယ်သည့်ပြင်းထန်သောထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည် ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now