Story ❇05❇

3.8K 457 28
                                    

ကျွန်တော့်မျက်နှာပေါ်မှာအုပ်မိုးနေသည့် တူးမြောင်းကူးတံတား ။ တဖက်ကိုငဲ့ကြည့်လျင်လေနှင်ရာခပ်သော့သော့ပြေးနေသည့် တိမ်ဖြူ အဖွဲ့အစု ။ ယိမ်းကနေသလို မြက်ရိုင်းများနှင့်ရိုးတံရှည်အပွင့်များ ။

'' ငါက ဘာလို့ဒီကို မင်းနဲ့တူတူရောက်နေရတာလဲ ? ''

'' ဒီမှာနေရတာမကြိုက်ဘူးလား . . ကျွန်တော့်အိမ်သွားမလား Hyung ''

'' သေလိုက်ပါလား . . ''

လွှတ်ကနဲဆဲရေးမိတော့ ခပ်သဲ့သဲ့ရယ်သံကိုကြားရသည် ။ သူ့နှုတ်ခမ်းထောင့်မှသွားစွယ်ချွန်လေးများကို ရုတ်တရင်မြင်ချင်သွားသော်လည်း လှည့်မကြည့်မိ ။ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ လေတိုးသံကိုနားထောင်ရသည်ကို ကျွန်တော်အရသာတွေ့နေခဲ့သည် ။

ရေပြင်ကိုဖြတ်၍ မြက်ခင်းအနံ့အသက်ကိုပါသယ်ဆောင်လာသည့်လေရူးက ဘယ်လို air fresher အနံ့ကမှ မယှဉ်သာအောင်သင်းမြလတ်ဆတ်နေ၍ ။

ဒီပတ်ဝန်းကျင်ကို ကျွန်တော်တကယ်သဘောကျပါသည်။ တစ်ခုပဲ ။ ဒီနေရာကိုခေါ်လာသူက Oh Sehun ဖြစ်နေသည့်အတွက် ကျွန်တော့်ကျေနပ်ခြင်းကို နည်းနည်းဖုံးဖုံးဖိဖိလုပ်နေမိရုံသာ ။

'' Hyung ပြောတော့ ခဏခဏတောင်လာချင်တယ်ဆိုပြီး အခုကျမှ . .''

သောက်သည်ထက်ပိုမူးခဲ့သော ညတစ်ည၏ အလှကြည့် အိပ်ဖန်စောင့်လုပ်ခဲ့ရခြင်းအဖြစ်ကို အခဲမကျေနိုင်စွာ သူကနောက်တစ်ကြိမ် သူ့အိမ်ကိုလာဖို့ကျွန်တော့်ကိုအခါခါဖိတ်ခေါ်နေပါ၏။

'' မင်းအတန်းမပြန်ဘူးလား Sehun. . ''

'' Hyung နဲ့အတူရှိနေတာကို အတန်းကဘာအရေးကြီးလို့တုန်း စကားလွှဲနေပြန်ပြီ ''

မမြင်ရသော်ငြား နှုတ်ခမ်းစူနေတာသေချာသည့်လေသံ ။ လက်နှင့်နီးလျှင် ကျွန်တော်သူ့ကိုတစ်ချက်လောက်ထုပစ်ချင်ပါသည် ။

'' နေ့လယ်စာအတူတူစားမယ်နော် Hyung ''

အင်းမလုပ်အဲမလုပ် ။ ခေါင်းလည်းမခါမိ ။ ငြိမ်၍စဉ်းစားနေမိသည်က Oh Sehun တစ်ယောက်ဘယ်အချိန်ကစ၍ ကျွန်တော့်နေ့ရက်များတွင် ဤမျှပါဝင်ပတ်သတ်လာသည်ဆိုခြင်းကို ။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Where stories live. Discover now